လိင်တူအမျိုးသား

July 23, 2020

လိင်တူအမျိုးသား ၂ ဦး၏ အချစ် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးမည်(Teaser)

       လိင်တူအမျိုးသား ၂ ယောက်ကြားက အချစ်ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ရုပ်သံ ဇာတ်လမ်းတွဲကို လာမယ့် ဩဂုတ်လဆန်းမှာ ရိုက်ကူးသွားဖို့ ရှိနေပါတယ်။        Innocence The Series အမည်ရတဲ့ အဆိုပါ ဇာတ်လမ်းတွဲကတော့ စာရေးဆရာမ ညမွှေးပန်းရဲ့ ဝတ္ထုကို Channel VIII က စီစဉ်ပြီး ဒါရိုက်တာ Emma က ရိုက်ကူးပုံဖော် သွားမှာ ဖြစ်ပါတယ်။        အမုန်း၊ လက်စား​ချေခြင်းနဲ့ ပူ​လောင်ခြင်းတွေကြားထဲက မြူခိုးနဲ့ တုနှိုင်းခ ဆို​တဲ့ ဇာတ်​ကောင် ၂ ယောက်ရဲ့ ချစ်ခြင်း​​​​မေတ္တာကို ဖော်ကျူးထား​တဲ့ ဇာတ်လမ်းဖြစ်ပြီး  ကိုယ့် ကို ထောင်ကျစေတဲ့အထိ နာမည်ဖျက်ကာ ဒုက္ခ​ရောက်​စေခဲ့သူကို လက်စား​ချေဖို့ ကြိုး စားချိန်မှာ ရန်သူရဲ့ ညီဖြစ်သူကို ချစ်မိသွားတဲ့ မြူခိုးဆိုတဲ့ အမျိုးသားတယောက်အ​​ကြောင်းကို ရိုက်ကူးပုံဖော်သွားမှာ ဖြစ်ပါတယ်။        ဒီကားထဲမှာတော့ အဓိကဇာတ်ဆောင်တွေအနေနဲ့ စိုင်းဝဏ္ဏ​အောင်၊ Ethan တို့နဲ့ အတူ မင်း​သွေးခန့်၊ အေးမြရိပ်နိုင်၊ မြင့်မြတ်​မောင်၊ ဆက်နိုင်၊ ရဲရင့်​မောင်​မောင်၊​ နေမညို၊ ထားသစ္စာ၊ ဇွန်ပန်းရနံ့စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။        ဒီဇာတ်လမ်းတွဲကိုတော့ တပိုင်းကို အချိန် မိနစ် ၃၀ ကြာမြင့်တဲ့ အပိုင်းပေါင်း ၅၀ ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး အွန်လိုင်းချန်နယ်လ်တွေကနေ အပတ်စဉ် ထုတ်လွှင့်ပြသ သွားမယ်လို့ သိရပါတယ်။
1 year Ago
Up