လိင်တူစုံတွဲ

November 1, 2020

လိင်တူစုံတွဲ ဘောလုံးစတား ရာပီနိုနှင့် ဘတ်စ်ကက်ဘောချန်ပီယံဘတ်တို့ စေ့စပ်

အားကစားလောကရဲ့ ပါဝါစုံတွဲအဖြစ် တင်စားခံထားရတဲ့ မီဂန်ရာပီနိုနဲ့ ဆူးဘတ်တို့ စေ့စပ် လိုက်ပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။  ရာပီနိုက ဒူးထောက်ပြီး သူမရဲ့ဘယ်ဘက်လက်မှာ လက်စွပ်ဝတ်ပေးနေတဲ့ပုံကို ဘတ်က သူမရဲ့ လူမှုကွန်ရက်မှာတင်ထားပါတယ်။  အမေရိကန်အမျိုးသမီးလက်ရွေးစင်အသင်းခေါင်း  ဆောင်ရာပီနိုနဲ့ ဆီအတ်တယ်စတောင်း ဘတ်စကက်ဘော အသင်းကစားသမား ဘတ်တို့ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက တွဲခဲ့ကြသူတွေ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရာပီနိုဟာ အမေရိကန်အမျိုးသမီးလက်ရွေးစင်အသင်းနဲ့ ၂၀၁၅၊ ၂၀၁၉ ခုနှစ်တွေမှာ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ အမျိုးသမီး Ballon d'Or ဆုကိုရရှိခဲ့သူ ဖြစ်ပါတယ်။  သူမဟာ OL Reign ကလပ်အသင်းမှာ ကစားနေသူဖြစ်ပြီး ဘတ်ကတော့ အမေရိကန်အသင်းနဲ့ အိုလံပစ်  ရွှေတံဆိပ် ၄ ကြိမ်ရရှိထားသူဖြစ်ပါတယ်။  သူမဟာ ၂၀၁၉ ရာသီကို ဒူးဒဏ်ရာကြောင့်လွဲချော်ခဲ့ရပေမယ့် ဆီအတ်တယ်စတောင်း အသင်းနဲ့အတူ WNBA ဆုဖလားကို မကြာသေးခင်ကရရှိခဲ့သူဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ESPN's Body Issue မျက်နှာဖုံးမှာ ပထမဆုံးဖော်ပြခံရတဲ့ လိင်တူစုံတွဲဖြစ်ပြီး စေ့စပ်လိုက်တဲ့ တွစ်တာပို့စ်ကို ဘတ်ရဲ့ ဆီအတ်တယ်စတောင်း အသင်းအပါအဝင် အမေရိကန်သမ္မတလောင်း ဂျိူးဘိုင်တန်ကလည်း ဂုဏ်ပြုခဲ့ပါတယ်။  သူတို့နှစ်ဦးစလုံးဟာ သက်ဆိုင်ရာ အားကစားနယ်ပယ်မှာ ထင်ရှားကျော်ကြား ကြသူတွေဖြစ်ပြီး ရာပီနိုဟာ မျှတစွာဝင်ငွေရရှိရေးအတွက် အခိုင်အမာတိုက်ပွဲဝင်ခဲ့မှုနဲ့အ ထူးထင်ရှားပါတယ်။ ဒီဖြစ်ရပ်မှာ အမေရိကန်အမျိုးသမီးအသင်းဟာ သူတို့ရဲ့ ဘောလုံးအဖွဲ့ချုပ်ကို တရားပြန်စွဲခဲ့ပါတယ်။
2 years Ago
Up