လိင်စိတ်ကွဲပြားသူ

September 9, 2021

စပိန်တွင် လိင်စိတ်ကွဲပြားသူများအပေါ် ပိုမိုကာကွယ်ပေးရန် ဆန္ဒပြ

စပိန်နိုင်ငံရဲ့မြို့တော် မဒရစ်မှာ စက်တင်ဘာ ၈ ရက် ညနေက ရာချီတဲ့လူတွေ စုရုံးခဲ့ပြီး ကျားမ လိင်ပိုင်းဆိုင်ရာ ခံယူချက် ကွဲပြားသူတွေအပေါ် ပိုကောင်းကောင်းကာကွယ်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

 လတ်တလော တိုက်ခိုက်မှု ဆက်တိုက်ဖြစ်နေလို့ လတွေအတွင်း စပိန်နိုင်ငံထဲမှာ တုန်လှုပ်ခဲ့တဲ့အတွက် သူတို့ရဲ့ သောကကို ဖော်ထုတ်ပြကြတာပါ။

 မြို့တော် မဒရစ်မှာ မျက်နှာဖုံးစွပ် ဂိုဏ်းတဂိုဏ်းက အသက် ၂၀ အရွယ် အမျိုးသား တယောက်ကို ဓားနဲ့ တိုက်ခိုက်ပြီး သူ့တင်ပါးမှာ ဂေးလို့ စွပ်စွဲထားတဲ့ စကားလုံးကို ဓားနဲ့ထွင်းတာ ခံခဲ့ရပါတယ်‌။  အဲဒီနောက် စက်တင်ဘာ ၈ ရက်နေ့မှာ ဆန္ဒပြဖို့ ဆော်သြခဲ့ကြတာပါ။

မဒရစ်မြို့လယ် ချွေကာရင်ပြင်နားက ဂေးတွေ ပေါများတဲ့ ရပ်ကွက်နားမှာ ရက်စက်တဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ ဆန္ဒပြသူတွေက ဆော်သြခဲ့ကြတာပါ။

 စပိန်အနောက်မြောက်ဘက် ဂါလီစီယာဒေသမှာ ဇူလိုင်လက သူနာပြုအကူ ဆင်မြူရယ် လူးဝစ်ဟာ သူ့ရဲ့ ကျားမဖြစ်တည်မှုဆိုင်ရာ တိမ်းညွတ်မှုကြောင့် အသေရိုက်သတ်ခံရအပြီး လိင်ခံယူချက် ကွဲပြားသူတွေအပေါ် ရန်လိုမှုဟာ စပိန်မှာ ထင်သာ မြင်သာ ဖြစ်လာခဲ့ပါတယ်။

အမုန်းတရားအခြေပြု ရာဇဝတ်မှုတွေ တိုးလာနေပြီး ပိုအကြမ်းဖက်လာနေတယ်လို့ ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာ ၈ ရက်နေ့ အစောပိုင်းမှာ သတိပေးခဲ့ပါတယ်။

ဝန်ကြီးချုပ် ပေဒရို စန်ချဲ့ဇ်ဟာ စက်တင်ဘာ ၁၀ ရက်နေ့မှာ အမုန်းတရား အခြေပြု ရာဇဝတ်မှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ အရေးပေါ် အစည်းအဝေးကို သဘာပတိအဖြစ် တက်ရောက် ကျင်းပဖို့ မျှော်လင့်ခံထားရပါတယ်။

1 year Ago

July 26, 2020

ထိုင်းတွင် လိင်စိတ်ကွဲပြားသူများ ကျား၊ မတန်းတူညီမျှရေး တောင်းဆို

ထိုင်းနိုင်ငံတွင်းက လိင်စံသတ်မှတ်ချက်ကွဲပြားတဲ့ တက်ကြွလှုပ်ရှားသူတွေ ရာချီပြီး ဇူလိုင် လ  ၂၅ ရက်ညနေက ဒီမိုကရေစီနဲ့ ကျား၊ မတန်းတူ ညီမျှရေး တောင်းဆိုခဲ့ကြပါတယ်။  မြို့တော် ဘန်ကောက်က ဒီမိုကရေစီကျောက်တိုင်နားမှာ သက်တံ့ရောင်အလံကို လွှင့်ထူကာ cat walk လျှောက်ပြီး ဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာရဲ့ အစိုးရကို ပြစ်တင်ရှုံ့ချပါတယ်။  လက်ရှိအစိုးရ နုတ်ထွက်ပြီး လွှတ်တော်ကို ဖြတ်သိမ်းရေးတောင်းဆိုဖို့ အရင်အပတ်က ထိုင်းနိုင်ငံတလွှား လူငယ်တွေ ဆန္ဒပြခဲ့ပါတယ်။  စနေနေ့မှာတော့ ကျား ၊ မ တန်းတူညီမျှမှုနဲ့ လိင်လုပ်သားတွေအတွက် အခွင့်အရေး ကင်းမဲ့မှု နဲ့ပတ်သက်တဲ့ သူတို့ရဲ့ စိုးရိမ်မှုတွေကို ထပ်ပေါင်းထည့်ရင်း တောင်းဆိုခဲ့ကြပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးကန့်သတ်ချက်တွေကို အာခံပြီး လွတ်လပ်တဲ့ လူငယ်များ လှုပ်ရှားမှုအောက်မှာ စီစဉ်ခဲ့တဲ့ ဒီဆန္ဒပြပွဲဟာ ၂၀၁၄ စစ်အာဏာ သိမ်းမှုအပြီး အကြီးဆုံး ဆန္ဒပြပွဲတွေထဲကတခု ဖြစ်လာပါတယ်။  သူတို့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးတဲ့အထိ ဆက်ပြီး စုရုံးဆန္ဒပြသွားမယ်လို့ ဆန္ဒပြသူတချို့က ပြောပါတယ်။  ထိုင်းအစိုးရဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ တက်ကြွလှုပ်ရှားသူ ယာယာက ပြောပါတယ်။  “တကယ်လို့ အစိုးရက ကျမတို့ကို ရှင်းပစ်ခဲ့မယ်ဆိုရင်တောင် ကျမတို့ အတွေးအခေါ်က ဘယ်တော့မှ သေဆုံးမှာ မဟုတ်ဘူး၊ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းပေးခဲ့မယ်” လို့ သူက ဆက်ပြောပါတယ်။  အရင်သီတင်းပတ်က ထိုင်းနိုင်ငံတွင်း ခရိုင် ၆ ခုထက် မနည်းမှာ ဝန်ကြီးချုပ် ရာထူးက ဆင်းပေးရေး တောင်းဆို ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။  လက်ရှိ အာဏာရအစိုးရအဖွဲ့ဝင် ၆ ဦးလည်း ရာထူးက နုတ်ထွက်ခဲ့ပါတယ်။
2 years Ago
Up