လိင်ကျေးကျွန်ဟောင်းများ

December 28, 2019

လိင်ကျေးကျွန်ဟောင်းများ အယူခံ တောင်ကိုရီးယား ပယ်ချ

ဂျပန်နဲ့ သဘောတူညီချက် ပြုလုပ်မယ့် တောင်ကိုရီးယား လိင်ကျေးကျွန်ဟောင်းတွေရဲ့ အယူခံကို တောင်ကိုရီးယား ဖွဲ့စည်းပုံတရားရုံးက ဒီဇင်ဘာလ ၂၇ ရက်မှာ ပယ်ချလိုက်ပါတယ်။      လိင်ကျေးကျွန် ဆိုတဲ့ ဝေါဟာရဟာ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တို့ အုပ်ချုပ်တုန်းက  ပြည့်တန်ဆာအဖြစ် အတင်းအကျပ် ခိုင်းစေခံရတဲ့ ကိုရီးယားအမျိုးသမီး အများအပြားကို ရည်ညွှန်းခေါ်ဆိုတာ ဖြစ်ပါတယ်။ ၂၀၁၅  ခုနှစ်  သဘောတူညီချက်အရ ဂျပန်အစိုးရဟာ ‌တောင်ကိုရီးယား လိင်ကျေးကျွန်ဟောင်းတွေကို တရားဝင် တောင်းပန်ခဲ့ပြီး သူတို့ကို ကူညီဖို့ ရန်ပုံတွေ ဂျပန်ယန်း ၁ ဘီလီယံ ပေးအပ်ခဲ့ပါတယ်။ နှစ်နိုင်ငံစလုံး တာဝန်တွေကို ဖြည့်ဆည်းနိုင်မယ်ဆိုရင်  ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယားအစိုးရတို့က သဘောတူထားကြတာပါ။ တောင်ကိုရီးယား ဖွဲ့စည်းပုံတရားရုံး ဥက္ကဋ္ဌကတော့ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ဟာ နိုင်ငံရေးသဘောတူညီချက် ဖြစ်ပြီး အစိုးရတွေအနေနဲ့ ဥပဒေကြောင်းအရ တာဝန်မရှိဘူးလို့ ပြောခဲ့ပါတယ်။ တောင်ကိုရီးယား လိင်ကျေးကျွန်ဟောင်းတွေရဲ့ရှေ့နေ ရီဒေါင်ဂျွန်းကတော့ နစ်နာသူတွေရဲ့ နာကျင်မှုကို မဖြေဖျောက်ပေးတဲ့ တရားရုံး ဆုံးဖြတ်ချက်ကို  စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။
2 years Ago
Up