လိင်မှောင်ခိုမှုနဲ့ မက္ကဆီကိုမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်အခြေစိုက် ပရဟိတ အဖွဲ့အစည်းတွေကို တည်ထောင်ခဲ့သူ ကိရန်နီရားကို တက္ကဆက်ပြည်နယ် ဖို့ဝပ်သ်တရားရုံးမှာ မတ်လ ၂၇ ရက်နေ့က စစ်ဆေးခဲ့ပါတယ်။
ရန်နီရားဟာ ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ်တသက်တကျွန်း ကျခံရဖို့ ရှိနေပါတယ်။
အသက် ၅၇ နှစ်အရွယ်ရှိ ရန်နီရားဟာ နယူးယောက်ပြည်နယ် မြို့တော် အယ်ဘာနီမှာ NXIVM အမည်နဲ့ ပရဟိတ အဖွဲ့အစည်းတွေကို ဦးဆောင်နေတာ နှစ် ၂၀ ကြာခဲ့ပါပြီ။
သူဟာ အမျိုးသမီး ၅၀ လောက်ကို သူ့ရဲ့နာမည် တံဆိပ်ရိုက်ပြီး လိင်ဆက်ဆံဖို့ အဓမ္မစေခိုင်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ရန်နီရားဟာ အမျိုးသမီးတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ပေါက်ကြားအောင်လုပ်မယ်၊ ပိုင်ဆိုင်မှုတွေကို သိမ်းယူမယ်လို့ ခြိမ်းခြောက်ပြီး အခုလို စေခိုင်းခဲ့တာလို့ တရားလိုဘက်က ထွက်ဆိုခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago