လိင်ဖျော်ဖြေရေး ၀န်ဆောင်မှုပေးသည့် အနှိပ်ခန်းများကြောင့် ခရီးသွားပုံရိပ်ထိခိုက်ဟု သတိပေး

A d v e r t i s e m e n t With Us

May 25, 2016

လိင်ဖျော်ဖြေရေး ၀န်ဆောင်မှုပေးသည့် အနှိပ်ခန်းများကြောင့် ထိုင်းခရီးသွားပုံရိပ်ထိခိုက်ဟု သတိပေး

ထိုင်းနိုင်ငံတွင်းမှာ အလှပြင်ဆိုင်နဲ့ အနှိပ်ခန်းအမည်ခံပြီး နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေကို လိင်ဖျော်ဖြေရေးဝန်ဆောင်မှုပေးနေတာဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းကဏ္ဍပုံရိပ်ကို ထိခိုက်စေတယ်လို့ ထိုင်းနိုင်ငံအလှပြင်ဆိုင်လုပ်ငန်းရှင်များအ သင်း(အက်ဖ်တီအက်စ်ပီအေ)က သတိပေးလိုက်ပါတယ်။ အသင်းအကြံပေးတဦးဖြစ်တဲ့ အပီချိုင် ဂျီရာဒီးဆက်ခ်က “ဒါဟာ ထိုင်းနိုင်ငံအလှ ပြင်အနှိပ်ခန်းတွေရဲ့ ပုံရိပ်တွေကို ဆိုးဆိုးဝါးဝါးထိခိုက်စေပါတယ်။ အစိုးရအနေနဲ့ ဒီပြ ဿနာကို ဖြေရှင်းဖို့ တခုခုလုပ်ဆောင်သင့်ပါတယ်”လို့ ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အလှပြင်အနှိပ်ခန်းတွေဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းကဏ္ဍရဲ့ အဓိကဆွဲဆောင်နိုင်တဲ့ လုပ်ငန်းတွေဖြစ်လာခဲ့တာပါ။ ဒါပေမယ့် တနိုင်ငံလုံးအနှံ့ရှိနေတဲ့ အလှပြင်အနှိပ်ခန်းစုစုပေါင်း ၂၀၀၀ မှာ ဆိုင်aပါင်း ၅၀၀ လောက်ကသာ တရားဝင်လိုင်စင်ရယူပြီး လုပ်ဆောင်နေတာလို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ တရားဝင်လိုင်စင်ရယူပြီး လုပ်ဆောင်လာတဲ့ အလှပြင်အနှိပ်ခန်းအရေအတွက် တွေဟာ သိသိသာသာတိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် ဒီလုပ်ငန်းတွေ အများစုဟာ အစိုးရဌာနဆိုင်ရာအေဂျင်စီတွေအများစုနဲ့ ဆက်စပ်နေကြတယ်လို့ ထိုင်း နိုင်ငံအလှပြင်ဆိုင်လုပ်ငန်းရှင်များအသင်း(အက်ဖ်တီအက်စ်ပီအေ)က ဆိုပါတယ်။ ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အလှပြင်အနှိပ်ခန်းဝန်ဆောင် မှုလုပ်ငန်းတွေကို တိုက်ရိုက်ကြီးကြပ်ထားပေမယ့် လုပ်ငန်းဝန်ဆောင်မှုဆိုင်ရာ ဗဟုသုတတွေ အားနည်းတယ်လို့ ပြောလိုက်တာပါ။ ကူးသန်းရောင်းဝယ်ရေး၊ ဟိုတယ်နဲ့ အားကစားဝန်ကြီးဌာနတွေအနေနဲ့ ဒီလုပ် ငန်းတွေဆီကနေရရှိတဲ့ ဘဏ္ဍာငွေဟာ နှစ်စဉ်အနည်းဆုံးဘတ်ငွေ ဘီလီယမ် ၂၀ ထိ ရရှိလာဖို့ မျှော်မှန်းထားပေမယ့် အရည်အသွေးပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်မှုအပေါ် အာရုံ စူးစိုက်မှုအားနည်းနေတယ်လို့ အပီချိုင်က ပြောပါတယ်။ အသင်းရဲ့ထုတ်ပြန်ချက်တွေအရ နာမည်ကျော်ကမ်းခြေတခုဖြစ်တဲ့ ဖူးခက်ကမ်းခြေကို လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ၅၇ ရာခိုင်နှုန်းဟာ အလှပြင်အနှိပ်ခန်းဝန်ဆောင်မှုကို အသုံးပြုကြလေ့ရှိတယ်လို့ ဆိုပါတယ်။ လုပ်ငန်းခွင်တွင်းမှာ လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မကျွမ်း ကျင်မှုကြောင့်လည်း နိုင်ငံတကာက သိထားတဲ့ ထိုင်းရိုးရာ အလှပြင်အနှိပ်ခန်းဝန်ဆောင် မှုလုပ်ငန်းတွေရဲ့ ပုံရိပ်တွေကို ထိခိုက်စေတယ်လို့ ပြောပါတယ်။ ဖူးခက်အလှပြင်အနှိပ်ခန်းဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ၀မ်ဆီမန် ကင်ကူးက အစိုးရအနေနဲ့ ထိုင်းနိုင်ငံတွင်း အလှပြင်အနှိပ်ခန်းလုပ်ငန်းတွေကို စံသတ် မှတ်ချက်နဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ စည်းကြပ်သင့်တယ်လို့ ပြောပါတယ်။ ကမ်းခြေနဲ့ လမ်းမတွေပေါ်မှာ ၀န်ဆောင်မှုပေးနေတဲ့ အလှပြင်အနှိပ်ခန်းတွေနဲ့ ရိုး ရာထိုင်းအလှပြင်အနှိပ်ခန်းတွေကြားက နားလည်မှုလွဲမှားနေတာမျိုးကို ကာကွယ်နိုင်ဖို့ အစိုးရက အရှိန်မြှင့်ဆောင်ရွက်သင့်တယ်လို့ သူကဆိုပါတယ်။
5 years Ago
Up