လိင်ပိုင်းစောကားမှု

September 26, 2018

အမေရိကန် ဟာသပညာရှင် လိင်ပိုင်းစော်ကားမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

အမေရိကန် ဟာသပညာရှင် ဘေလ်-ကော့စ်ဘီဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှု ပြစ်ဒဏ်နဲ့ စက်တင်ဘာ ၂၅ ရက်မှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံလိုက်ရပါတယ်။ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ကော့စ်ဘီဟာ သူ့မိတ်ဆွေ အန်ဒရဲ-ကွန်စတန်းဆိုသူ  အမျိုးသားကို ဖလယ်ဒဲဖီးယားက သူ့နေအိမ်မှာ ၂၀၀၄ ခုနှစ်တုန်းက ဆေးသုံးပြီး လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တာကြောင့် အခုလို ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ ပြစ်ဒဏ်အရ ကော့စ်ဘီဟာ ဖလယ်ဒဲဖီးယား အကျဉ်းထောင်မှာ ၃ နှစ်တိတိ ထောင်ဒဏ်ကျခံရမှာဖြစ်ပြီး ကျန်တဲ့နှစ်တွေကိုတော့ ကြီးကြပ်စောင့်ကြည့်မှုနဲ့နေထိုင်ပြီး ထောင်ကနေ လွတ်မြောက်ခွင့်ရှိကြောင်း သိရပါတယ်။ ပြစ်မှုထင်ရှားပြီးကတည်းက အာမခံကြောင့် ထိန်းသိမ်းမခံထားရတဲ့ ကော့စ်ဘီကို အမိန့်ချပြီးပြီးချင်း ဖမ်းချုပ်ဖို့ မွန်ဂိုမရီ တရားရုံးက ဆုံးဖြတ်လိုက်တာပါ။ ကော့စ်ဘီဟာ အမေရိကန်ရုပ်ရှင်လောကမှာ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံရမှုတွေအကြောင်း အမျိုးသမီးတွေက ဖွင့်ပြောလာပြီး ကျူးလွန်သူတွေကို အရေးယူပေးရေးတောင်းဆိုတဲ့ #MeToo လှုပ်ရှားမှုအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြစ်ဒဏ်နဲ့ ပထမဆုံးပြစ်ဒဏ်ချမှတ်ခံရသူ အနုပညာရှင်တဦးဖြစ်ပါတယ်။
3 years Ago
Up