လိင်ပိုင်းအလွဲသုံးစားမှု

July 24, 2018

ခရစ်ယာန် ဘုရားကျောင်းလုပ်သား ၁၅၈ ဦးကို လိင်ပိုင်းအလွဲသုံးစားမှုဖြင့် စစ်ဆေး

ခရစ်ယာန် ဘုန်းတော်ကြီးတွေ၊ သင်းအုပ်ဆရာတွေနဲ့ ဘုရားကျောင်း လုပ်သားတွေအပေါ် လိင်ပိုင်းအလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲထားတဲ့ အမှုပေါင်း ၃၆ မှုအတွက် ချီလီအရပ်ဘက် အာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ နိုင်ငံအဆင့် အစိုးရရှေ့နေများရုံးက ဇူလိုင် ၂၃ ရက်မှာ ပြောပါတယ်။ ရိုမန်ကက်သလစ် ဘုရားကျောင်းအတွင်း သက္ကရာဇ် ၂ ထောင်ကနေ ခုထိ ဘုရားကျောင်းလုပ်သား ၁၅၈ ယောက်နဲ့ ပတ်သက်တဲ့ လိင်ပိုင်းအလွဲသုံးမှု အစီရင်ခံစာ ၁၄၄ စောင်ထဲက အမှုတွေကို စုံစမ်းစစ်ဆေးနေတာလို့ ကြေညာချက်က ဆိုပါတယ်။ ချီလီနိုင်ငံတော် ရှေ့နေရုံး လူ့အခွင့်အရေးနဲ့ ကျားမကွဲပြားမှုဆိုင်ရာ ရာဇဝတ်မှုဌာနခွဲ အကြီးအကဲ လူးဝစ်တောရဲက်စ်က မြို့တော် စန်တီယေဂိုမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒီကိန်းဂဏန်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။
3 years Ago
Up