လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကြောင့် ယောဂသင်တန်းတည်ထောင်သူ ဒဏ်ရိုက်ခံရ

January 27, 2016

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကြောင့် ယောဂသင်တန်းတည်ထောင်သူ ဒဏ်ရိုက်ခံရ

ယောဂသင်တန်းကျောင်း တည်ထောင်သူ အိန္ဒိယနိုင်ငံသားတဦးဟာ သင်တန်းတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေအတွက် အမေရိကန်ဒေါ်လာ ၆ သန်းခွဲ ဒဏ်ရိုက်ခံခဲ့ရပါတယ်။ အသက် ၆၉ နှစ်အရွယ် ဘီကရန်ချောင်ဘူရီ အမည်ရ အမျိုးသားဟာ အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့နေထိုင်သူ သန်းကြွယ်သူဌေးတဦးဖြစ်ပြီး ယောဂသင်တန်းတွင်း  လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို စစ်ဆေးတွေ့ရှိရချိန်မှာ ခုလို ဒဏ်ရိုက်ခံရတာလို့ ဘီဘီစီ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူ့ရဲ့သင်တန်းတွင်း ခုလို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိဘဲ စုံစမ်းစစ်ဆေးခဲ့တဲ့ ၀န်ထမ်းအမျိုးသမီးတဦးကိုလည်း အလုပ်က ထုတ်ပယ်ခဲ့တာပါ။ သူဟာ တချိန်က သူ့ရဲ့ ဥပဒေအကြံပေးတဦး ဖြစ်ခဲ့ဖူးတဲ့ မင်နာကာရှိဂျာဖော်ဘော်ဒန်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ပြုလုပ်ခဲ့ပြီး ဘော်ဒန်က ယောဂသင်တန်းသူတဦးကို အဓမ္မ ပြုကျင့်ခဲ့တဲ့ အမှုတမှုကို စတင်စုံစမ်းချိန်မှာ အလုပ်မှ ထုတ်ပယ်ခံခဲ့ရလို့ တရားစွဲဆိုခံခဲ့ရတာပါ။ [caption id="attachment_132577" align="alignleft" width="480"]ဓာတ်ပုံ - Getty Images ဓာတ်ပုံ - Getty Images[/caption] အခုနှစ်ပိုင်းအတွင်းမှာ သူအပါအ၀င် တခြားသော ယောဂသင်တန်းသူ အမျိုးသမီး ၆ ဦးဟာလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မင်နာကာရှိဂျာဖာဘော်ဒန်ဟာ လော့စ်အိန်ဂျလိစ်မြို့မှာ ဖွင့်လှစ်ထားတဲ့ ယောဂသင်တန်းကျောင်းမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်တိုင်အောင် ဥပဒေနဲ့ နိုင်ငံတကာရေးရာဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဇန်န၀ါရီ ၂၇ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်မြို့ တရားရုံးမှ ဘော်ဒန်ကို လျော်ကြေးပေးဖို့ ဆုံဖြတ်ချက်ချပြီးချိန်မှာ ချောင်ဘူရီဟာ သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို လက်မခံခဲ့ဘဲ ထွက်သွားခဲ့တာပါ။ မက်ဒေါနား၊ အင်ဒီမာရေးနဲ့ ဂွင်းနက်ပါထရိုးတို့လို နာမည်ကျော်တွေ တက်ရောက်နေတဲ့ ချောင်ဘူရီရဲ့ ယောဂသင်တန်းကျောင်းဟာ ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အပူချိန်မြင့်မားတဲ့ သင်တန်းခန်းမတွင်းမှာ ကိုယ်နေဟန်ထား ၂၆ မျိုး အစီအစဉ်လိုက် ပါဝင်နေတာပါ။ သင်တန်းချိန် မိနစ် ၉၀ ကြာမြင့်တဲ့ ချောင်ဘူရီရဲ့ ယောဂသင်တန်းတွေမှာ သူဟာ ဘောင်းဘီတို အနက်ရောင်ကို ၀တ်ဆင်ပြီး သင်တန်းသားတွေကတော့ ကိုယ်ကြပ်အတိ ၀တ်စုံတွေကို ၀တ်ဆင်ကြရတာပါ။ သူ့ရဲ့ ယောဂသင်တန်းတွေဟာ ကမ္ဘာတလွှား ကျောင်းခွဲ ၆၅၀ လောက် ရှိနေတာဖြစ်ပြီး သင်တန်းတက်ရောက်သူတွေကတော့ သူ့ကို ယုံကြည်လေးစားနေကြတာလို့ သတင်းမှာ ဖော်ပြပါတယ်။
7 years Ago
Up