လိင်ပိုင်းဆိုင်ရာနှိပ်စက်၊ အပ်များနှင့် ထိုးသွင်းခံရသည့် ၃ နှစ်သမီး သေဆုံး

July 28, 2017

လိင်ပိုင်းဆိုင်ရာနှိပ်စက်၊ အပ်များနှင့် ထိုးသွင်းခံရသည့် ၃ နှစ်သမီး သေဆုံး

အိန္ဒိယနိုင်ငံမှာ ရိုးရာယုံကြည်မှုအရ ဗူဒူး (Voodoo) မှော်အရုပ်အဖြစ် အသုံးချခံခဲ့ရပြီး လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုခံရ၊ ခန္ဓာကိုယ်တွင်း အပ်တွေနဲ့ ထိုးသွင်းခံခဲ့ရတဲ့ ၃ နှစ်သမီးလေးဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က ဆေးရုံကို အရေးပေါ် ရောက်လာခဲ့ချိန်မှာ ဒီအဖြစ်အပျက်ကို စစ်ဆေးတွေ့ရှိခဲ့ရတာလို့ မေရာသတင်းမှာ ဖော်ပြပါတယ်။ မိခင်ဖြစ်သူက အနီးနား ကျန်းမာရေးစင်တာတခုမှာ ကလေးငယ် ဖျားနာနေတယ်ဆိုပြီး ကနဦး သွားရောက်ပြသခဲ့ချိန်မှာ ဆရာဝန်တွေက X-Ray နဲ့ စမ်းသပ်ပြီး ကိုယ်တွင်းမှာ အပ်တွေကို တွေ့ခဲ့ကြတာပါ။ ဒီနောက် ဆေးရုံကို ဆက်လက်လွှဲပြောင်းပေးခဲ့ရာ ကလေးငယ်မှာ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခံထားရတဲ့ လက္ခဏာတွေကိုပါ တွေ့ရှိခဲ့ကြတာပါ။ ဆရာဝန်တွေဟာ အရေးပေါ် ခွဲစိတ်ကုသခဲ့ချိန်မှာ ကလေးငယ်ရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းကနေ ၂ လက်မအရွယ် အပ် ၇ ချောင်းကို တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် ခွဲစိတ်ကုသချိန်မှာ သူ့ကို မကယ်တင်နိုင်ခဲ့ဘဲ ဒဏ်ရာတွင်း ပိုးဝင်မှုနဲ့ နမိုးနီးယားရောဂါဝင်ကာ ကလေးငယ်ဟာ သေဆုံးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါလ်ပြည်နယ်၊ ပါရူလီယာဒေသတွင်းမှာ ဖြစ်ခဲ့ပြီး မိခင်ဖြစ်သူရဲ့ ကြောက်ရွံ့လေးစားရတဲ့ အလုပ်ရှင်က ကလေးကို ဗူဒူးမှော်အရုပ်အဖြစ် အသုံးချခံစေဖို့ ဖိအားပေး တိုက်တွန်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတွေဟာ ဒီအမှုကို ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအဖြစ် သတ်မှတ်ပြီး တရားခံကို ဖမ်းဆီးဖို့ ကြိုးစားနေကြတယ်လို့ အိန္ဒိယတူဒေး သတင်းတပုဒ်က ဆိုပါတယ်။ လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ အသက် ၅၀ ဝန်းကျင်အရွယ် ဆန်နတန်သကာဟာ ထွက်ပြေး တိမ်းရှောင်နေခဲ့တဲ့အတွက် ရဲတွေက ရှာဖွေနေကြပါတယ်။
4 years Ago
Up