လိင်တူချစ်သူနှင့်ပတ်သက်၍ ပြောသည့်မှတ်ချက် မှားယွင်းကိုးကားခံရဟု ပတ်ကွီရိုပြော

A d v e r t i s e m e n t With Us

April 9, 2016

လိင်တူချစ်သူနှင့်ပတ်သက်၍ ပြောသည့်မှတ်ချက် မှားယွင်းကိုးကားခံရဟု ပတ်ကွီရိုပြော

ကမ္ဘာချန်ပီယံ ၆ ကြိမ် ရထားတဲ့ မန်နီပတ်ကွီရိုက လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး ပြောဆိုတဲ့ မှတ်ချက်ဟာ မှားယွင်းကိုးကားခံရတာလို့ ပြောပါတယ်။ ဖေဖော်ဝါရီလက လိင်တူချစ်သူတွေဟာ တရစ္ဆာန်တွေထက်ဆိုးတယ်ဆိုပြီး ပတ်ကွီရိုရဲ့ အင်တာဗျူးတခုကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒီအင်တာဗျူးကြောင့် သူ့ကို ထောက်ပံ့ထားတဲ့ ကုမ္ပဏီတချို့ကလည်း စပွန်ဆာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဘီဘီစီ အားကစား အစီအစဉ်အင်တာဗျူးမှာ ပတ်ကွီရိုက မှတ်ချက်ဟာ မှားယွင်း ကိုးကားခံရတာလို့ တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ “၅ မိနစ်ကျော်လောက်ကြာတဲ့ အင်တာဗျူးတခုပါ၊ ကောင်းကောင်းမွန်မွန်ပဲ အင်တာဗျူးမှာ ရှင်းပြပါတယ်၊ ကျနော်က တဦးတယောက်ကိုမှ ပုတ်ခတ်ခြင်းမရှိပါဘူး။ ကျနော်သူတို့ကို ချစ်ပါတယ်” လို့ ပတ်ကွီရိုက ပြောပါတယ်။ ဒါ့အပြင် အမေရိကန်လက်ဝှေ့သမား ဖလောဒ့်မေ၀ယ်သာနဲ့ ပြန်ထိုးမယ့် ပွဲစဉ်တွေကိုလည်း ငြင်းဆန်ခဲ့သလို အနားယူမယ့် ကိစ္စကိုလည်း ဆွေးနွေးသွားခဲ့ပါတယ်။
5 years Ago
Up