လိင်တူချစ်သူများ ချီတက်ပွဲ သြစတြေးလျဝန်ကြီးချုပ် တက်ရောက်

A d v e r t i s e m e n t With Us

March 7, 2016

လိင်တူချစ်သူများ ချီတက်ပွဲ သြစတြေးလျဝန်ကြီးချုပ် တက်ရောက် (ရုပ်သံ)

သြစတြေးလျနိုင်ငံရဲ့ နှစ်စဉ်ကျင်းပနေကြ လိင်တူချစ်သူများ ချီတက်ပွဲတခုဖြစ်တဲ့ မာဒီ ဂရက်စ် (Mardi Gras) လမ်းလျှောက်ချီတက်ပွဲကို ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့က မြို့တော် ဆစ်ဒနီမှာ စည်စည်ကားကား ကျင်းပခဲ့ကြပြီး သြစတြေးလျနိုင်ငံရဲ့ ၀န်ကြီးချုပ်က ပထမဆုံး တက်ရောက် အားပေးခဲ့ပါတယ်။ ဒီလိင်တူချစ်သူတွေရဲ့ လမ်းလျှောက်ချီတက်ပွဲဟာ ကမ္ဘာ့အကြီးဆုံး လမ်းလျှောက်ချီတက်ပွဲတော် တခုဖြစ်ပြီး အခုနှစ်ပွဲမှာ တက်ရောက်သူ အားလုံး ၁၂၀၀၀ ကျော်တယ်လို့ ဆိုပါတယ်။ အခုနှစ် လမ်းလျှောက်ချီတက်ပွဲတော်ကတော့ သြစတြေးလျနိုင်ငံမှာ လိင်တူလက်ထပ်ခွင့်ကို အစိုးရက တရားဝင်ပြဋ္ဌာန်းပေးဖို့ လိင်တူအခွင့်အရေး လှုပ်ရှားသူတွေက တက်တက်ကြွကြွ တောင်းဆိုနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ လက်ရှိ သြစတြေးလျဝန်ကြီးချုပ် တန်းဘူလ်း (Turnbull) ကတော့ ဒီလိင်တူလက်ထပ်ခွင့်ကို လူထုဆန္ဒခံယူပြီး ဆုံးဖြတ်ဖို့ ထောက်ခံထားပါတယ်။ ၀န်ကြီးချုပ်က ဒီပွဲတော်ကို တက်ရောက်ခဲ့ပေမယ့် ပါဝင်ချီတက်ခြင်းတော့ မရှိခဲ့ပါဘူး။ သြစတြေးလျ အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဘီလ် ရှော့တန်း (Bill Shorten) ကတော့ လမ်းလျှောက်ချီတက်ပွဲမှာ ကိုယ်တိုင်ပါဝင် ချီတက်ခဲ့ပြီး တကယ်လို့ သူ့ရဲ့ပါတီ ရွေးကောက်ခံရရင် ရက် ၁၀၀ အတွင်း ဒီလိင်တူလက်ထပ်ခွင့် ဥပဒေကို ပြဋ္ဌာန်းပေးမယ်လို့ ကတိပြုထားပါတယ်။ ပြီးခဲ့တဲ့တပတ်က လိင်တူလက်ထပ်ခွင့် လူထုစစ်တမ်းတခုမှာ သြစတြေးလျပြည်သူ အများစုကတော့ ဒီဥပဒေကို ထောက်ခံတာ တွေ့ရှိရပြီး နိုင်ငံသား ၅ ဦးမှာ ၁ ဦးကတော့ ဆန့်ကျင်ကန့်ကွက်တာ တွေ့ရှိရပါတယ်။
5 years Ago
Up