လိင်တူချင်းချစ်သူအပေါ် စော်ကားပြောဆိုမိသည့်အတွက် ပက်ကွီအို တောင်းပန်

A d v e r t i s e m e n t With Us

February 17, 2016

လိင်တူချင်းချစ်သူအပေါ် စော်ကားပြောဆိုမိသည့်အတွက် ပက်ကွီအို တောင်းပန်

ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် မန်နီ ပက်ကွီအိုက လိင်တူချင်းချစ်သူအပေါ် စော်ကား ပြောဆိုမိတဲ့အတွက် တောင်းပန်ကြောင်း ပြောဆိုလိုက်ပါတယ်။ ကမ္ဘာကျော် လက်ဝှေ့သမားက လိင်တူချင်း ချစ်သူတွေဟာ တိရစ္ဆာန်ထက်တောင် ဆိုးဝါးတယ်လို့ ဒီတပတ်အတွင်း ပြုလုပ်တဲ့ တီဗွီအင်တာဗျူးတခုမှာ ပြောဆိုခဲ့တာပါ။ ပက်ကွီအိုက သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာတော့ ယောက်ျာချင်း လက်ထပ်တာကို ဆန့်ကျင်တာသာဖြစ်ပြီး လိင်တူချင်း ချစ်သူတွေကို ရှုတ်ချတာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။ ဖိလစ်ပိုင်ရဲ့ လူဦးရေ အများစုဟာ ရိုမန်ကက်သလစ် ဘာသာဝင်တွေပါ။ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဟောင်းဖြစ်တဲ့ ပက်ကွီအိုဟာ ရှေးရိုးဆန်တဲ့ ခရစ်ယာန် နိုင်ငံရေးသမားအဖြစ်လည်း လူသိများသူ ဖြစ်ပါတယ်။ အခုလို ဂေးတွေအပေါ် ရှုတ်ချ ပြောဆိုပေမယ့်လည်း ဖိလစ်ပိုင်နိုင်ငံရဲ့ ပြည်သူတွေကြားမှာ ပက်ကွီအိုရဲ့ ရေပန်းစား ကျော်ကြားမှုက လျော့ကျသွားခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။
5 years Ago
Up