လိင်ဆွဲဆောင်မှုရှိပြီး အွန်လိုင်းပေါ်နာမည်ကြီးနေသည့် ထိုင်းသူနာပြုဆရာမလေး အလုပ်မှထွက်

May 22, 2017

လိင်ဆွဲဆောင်မှုရှိပြီး အွန်လိုင်းပေါ်နာမည်ကြီးနေသည့် ထိုင်းသူနာပြုဆရာမလေး အလုပ်မှထွက်

ထိုင်းနိုင်ငံမှ သူနာပြုဆရာမလေးတဦးဟာ အွန်လိုင်းပေါ်မှာ လိင်ဆွဲဆောင်မှုရှိတဲ့ အလှအပတွေနဲ့ နာမည်ကြီးနေခဲ့ပြီးနောက် ဒီကနေ့မှာတော့ အလုပ်ကထွက်ခဲ့ကာ ပရိသတ်တွေကို တောင်းပန်ခဲ့တယ်လို့ ဒေးလီးနယူးစ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူအလုပ်လုပ်ရာ ဆေးရုံမှ တာဝန်ရှိသူတဦးက ဒါဟာ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်းမှုအပေါ် ဂုဏ်သိက္ခာထိခိုက်စေတယ်လို့ သူ့ကို ဝေဖန်ပြစ်တင်ခဲ့ပြီး နောက်မှာ သူက နောက်ထပ်အလုပ်သစ်စတင်ဖို့ ထွက်ခဲ့တာပါ။ အသက် ၂၆ နှစ်အရွယ် ပယ်ရီခက်တ် ချက်တ်ဆရီဟာ ထိုင်းနိုင်ငံ သူနာပြုများအသင်းအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် စစ်သားတွေနဲ့ ပတ်သက်ဆက်နွယ်မှုအပေါ် စနောက်လှောင်ပြောင်ခဲ့တာပါ။ စစ်တပ်ဟာ တင်းကျပ်လွန်းတဲ့အတွက် စစ်သားတွေဟာ သူနာပြုတွေနဲ့ ကလူကျီစယ် မနေသင့်ဘူးလို့ အကြံပြုပြောဆိုပြီး လိင်ဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံတွေကို မျှဝေခဲ့တာပါ။ ဒါဟာ သူ့ရဲ့ လိင်ဆွဲအားပြင်း အကြည့်တွေကြောင့်သာ ဖြစ်ရတာလို့ တချို့က ဝေဖန်ခဲ့ကြပြီး အဲဒီနောက်မှာတော့ အစိုးရတာဝန်ရှိသူတွေနဲ့ သူနာပြုတွေကြား အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။ ဆေးရုံပိုင်ရှင်က သူ့ကို ခေါ်တွေ့ခဲ့ကာ မသင့်တော်တဲ့ သူမရဲ့ အပြုအမူအတွက် သတိပေးခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ခုလိုဖြစ်ခဲ့ရတဲ့အပေါ် ပယ်ရီခက်တ် ချက်တ်ဆရီက တောင်းပန်ခဲ့ကာ အလုပ်ကနေ နုတ်ထွက်ခဲ့တာပါ။ သူမ ဘယ်လိုအသက်မွေးဝမ်းကျောင်းလုပ်ငန်းဆီ ဆက်လုပ်မလဲဆိုတာကိုတော့ မသိနိုင်သေးဘူးလို့ သတင်းက ဆိုပါတယ်။
4 years Ago
Up