လိင်ဆွဲအားပြင်းဝတ်စုံကို ရှေ့နောက်မှားယွင်း ဝတ်ခဲ့မိဟု ထိုင်းမော်ဒယ်ပြော

September 28, 2017

လိင်ဆွဲအားပြင်းဝတ်စုံကို ရှေ့နောက်မှားယွင်း ဝတ်ခဲ့မိဟု ထိုင်းမော်ဒယ်ပြော

ထိုင်းနိုင်ငံမှ Sexy မော်ဒယ်တဦးဖြစ်တဲ့ ချယ်ရီဆမ်ခေါ့ဟာ လတ်တလောမှာ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်ဖြားယောင်းခဲ့တယ်ဆိုပြီး ဝေဖန်ခံနေကြတဲ့ သူ့ဝတ်စုံနဲ့ပတ်သက်ပြီး ဒါဟာ ရှေ့နဲ့နောက် သတိမထားမိဘဲ မှားဝတ်ခဲ့မိတာလို့ ပြောလိုက်ပါတယ်။ သူဟာ နိုက်ကလပ်တခုမှာ ဒီဝတ်စုံနဲ့ ဖျော်ဖြေခဲ့တာဖြစ်ပြီး ရှေ့ပိုင်းရင်သားတွေကို အလွန်အကျူး ဖော်ထားခဲ့သလို ဖြစ်နေခဲ့ကာ ဒါဟာ အများပြည်သူကြား ဘယ်လိုမှ မသင့်တော်တဲ့ အဖြေတခုလို ပရိသတ်တွေရော၊ မီဒီယာစာမျက်နှာတွေပေါ်မှာပါ ဝေဖန်နေကြတာ ဖြစ်ပါတယ်။ Sexy စတားဟာ သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာပေါ်ကနေတဆင့် ဒါဟာ ဘာရည်ရွယ်ချက်မှ မရှိကြောင်း၊ မှားယွင်းခဲ့မှုသာဖြစ်ကြောင်း ဖြေရှင်းခဲ့တာပါ။ “အရူးလိုပဲ။ ကျမ အဲဒီညကဝတ်ခဲ့တဲ့ ဝတ်စုံကို နောက်ပြန်ကြီး ဝတ်ခဲ့မိတယ်။ နောက်ပိုင်း ရှိုးပွဲက ကျမရဲ့ဝတ်စုံနဲ့ ပတ်သက်တဲ့ ဝေဖန်မှတ်ချက်တွေ ထွက်လာတော့မှ တွေ့ခဲ့တာ။” အဲဒီဖျော်ဖြေပွဲဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က ရာလခရိုင်တွင်းမှ ကက်ပ်ဆူးလ်လို့ အမည်ရတဲ့ နိုက်ကလပ်တခုထဲမှာ ကျင်းပခဲ့ပြီး ချယ်ရီကတော့ သီချင်းအနည်းငယ်သီဆိုပြီး ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာတော့ ဒါဟာ ကလေးတွေကြည့်ဖို့ မသင့်တော်တဲ့ အမျိုးအစားလို့ ပြောခဲ့ပြီး ခုလိုရေးခဲ့တာပါ။ “ရှိုးပွဲက နိုက်ကလပ်တခုထဲမှာ လုပ်ခဲ့တာ။ ခုတင်ထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေက အသက် ၂၀ အထက်တွေသာ ကြည့်လို့ရမယ့် ကန့်သတ်ရုပ်သံကလစ်တွေ ဖြစ်နေတယ်။ အသက်မပြည့်သေးတဲ့ လူငယ်တွေကတော့ မကြည့်သင့်ဘူးပေါ့။ Sexy ကျကျ ဖျော်ဖြေရင် Sexy ကျတဲ့ဝတ်စုံကို ဝတ်ဖို့ လိုအပ်ပါတယ်။ ကျမက ဖျော်ဖြေတာပါ။ ကျမ ဒီမှာ ဘာကိုမှ ရောင်းချမှာ မဟုတ်ပါဘူး။” ပြီးခဲ့တဲ့နှစ်ကလည်း ချယ်ရီဟာ ဘန်ကောက်မြို့ ကားအရောင်းပြပွဲတခုမှာ ဘီကီနီဝတ်စုံဝတ်ဆင်ပြီး အများအမြင် မသင့်တော်တဲ့ Sexy အက ကခဲ့လို့ ဒဏ်ရိုက်ခံခဲ့ရပါသေးတယ်။
4 years Ago
Up