လိဂ်ယူနိုက်တက်

A d v e r t i s e m e n t With Us

June 13, 2020

မန်ယူအသင်းထက် လိဂ်ယူနိုက်တက်ကို ပြောင်းရန် ဟာလန်း စိတ်ဝင်စား

ဟာလန်းဟာ မန်ယူအသင်းကို ပြောင်းရွှေ့လိုခြင်းမရှိဘဲ လိဂ်ယူနိုက်တက်အသင်းကိုသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်း နော်ဝေတိုက်စစ်မှူးဟောင်း ဖီအိုတော့ဖ်က ပြောပါတယ်။  နော်ဝေတိုက်စစ်မှူးဟာလန်းဟာ လက်ရှိအချိန်မှာ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မန်အသင်းမှာ ကစားနေပြီး ဥရောပထိပ်တန်းအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။  ဆဲလ်ဘက်အသင်းမှာ ရှိစဉ်ကတည်းက မန်ယူအသင်းက ခေါ်ယူလိုခဲ့ပေမယ့် ဒေါ့မန်အသင်းက လက်ဦးမှုရယူသွားတာပါ။  နော်ဝေတိုက်စစ်မှူးဟောင်း ဖီအိုတော့ဖ်ကတော့ ဟာလန်းနဲ့ မန်ယူအသင်းအကြောင်း ပြောဖြစ်တဲ့အချိန်တိုင်း လိဂ်ယူနိုက်တက်အသင်းအကြောင်းကိုသာ ရောက်ရှိသွားတတ်တယ်လို့ ပြောပါတယ်။  ဟာလန်းဟာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘဲ လိဂ်ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားရယူဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။  ဟာလန်းဟာ သူ့ရဲ့အဖေ လိဂ်အသင်းမှာ ကစားစဉ်က မွေးဖွားခဲ့တာကြောင့် လိဂ်မြို့က သူ့ရဲ့ မွေးရပ်မြေလို့လည်း ခေါ်ဆိုနိုင်ပါတယ်။  ဒါကြောင့် မွေးရပ်မြေ လိဂ်အသင်းပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ရင် ဟာလန်းအနေနဲ့ ပြောင်းရွှေ့ကစားနိုင်ဖွယ်ရှိနေတယ်လို့ နော်ဝေတိုက်စစ်မှူးဟောင်း ဖီအိုတော့ဖ်က သုံးသပ်ထားပါတယ်။
9 months Ago
Up