လိဂ်ပွဲစဉ်

A d v e r t i s e m e n t With Us

January 2, 2021

လိဂ်ပွဲစဉ်များ မရပ်နားဘဲ ဆက်လက်ကျင်းပနိုင်ရန် မျှော်လင့်ဟု လီဗာပူးနည်းပြပြော

ဘောလုံးပွဲစဉ်တွေရပ်နားရခြင်းမရှိဘဲ ဆက်လက်ကျင်းပနိုင်ဖို့ မျှော်လင့်ကြောင်း လီဗာပူးနည်းပြ ကလော့ပ် ပြောပါတယ်။  အင်္ဂလန်မှာ ကူးစက်မြန်တဲ့ အသွင်သစ် ကိုဗစ်-၁၉ ကပ်ရောဂါ ပြန်လည်ဖြစ်ပွားလာတာကြောင့် အင်္ဂလန်ကဘောလုံးပွဲစဉ်အားလုံးနီးပါးကို ကွင်းပိတ်ကျင်းပဖို့ ပြန်လည်ညွှန်ကြားခဲ့ရတာပါ။  ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် ပရီးမီးယားလိဂ်အသင်းတွေမှာ လူ ၁၈ ဦးအထိ ကူးစက်ခံခဲ့ရပါတယ်။  နယူးကာဆယ်-ဗီလာ၊ အဲဗာတန်-မန်စီးတီး၊ စပါး နဲ့ ဖူဟမ်ပွဲစဉ်တွေကို ပွဲရွှေ့ဆိုင်းခဲ့ရပါတယ်။  လက်ရှိအခြေအနေက အသင်းတိုင်း ခက်ခဲပြီး ပရီးမီးယားလိဂ်က ချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာသွားဖို့လိုအပ်ကြောင်း၊ ပွဲစဉ်တွေ ဆက်ကစားခွင့် ရရှိအောင် လုပ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်သွားရမယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က သုံးသပ်ခဲ့ပါတယ်။
2 months Ago

March 20, 2020

လိဂ်ပွဲစဉ်များ အပြီးရပ်ပါက နံပတ် ၁ နေရာရောက်အသင်း ဆုဖလားရမည်မဟုတ်

လိဂ်ပွဲစဉ်တွေ အပြီးရပ်လိုက်ရင် ဦးဆောင်နေတဲ့အသင်းတွေကို ချန်ပီယံ ဆုဖလားပေးမယ်ဆိုတာ မဟုတ်မှန်ကြောင်း ယူအီးအက်ဖ်အေဥက္ကဋ္ဌက အတည်ပြုလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မူက ဥရောပထိပ်တန်း လိဂ် ၅ခုကို ဗဟိုပြုနေတာဖြစ်လို့ လိဂ်ပွဲ စဉ်တွေကို ရွှေ့ဆိုင်းထားရတာပါ။   ဆိုးရွားတဲ့အခြေအနေမှာ ဘောလုံးပွဲတွေပြန်စတင်ဖို့ဆိုတာက အလှမ်းကွာဝေးနေပြီး သတ်မှတ်ထားတဲ့ ဧပြီလဆန်းမှာတောင်ပြန်စဖို့ မလွယ်ကူတော့တာဖြစ် ပါတယ်။ အပြင်မှာသတင်းတွေထွက်ပေါ်နေသလို လိဂ်တွေကို အပြီးနားလိုက်ပြီး လက်ရှိ နံပါတ် ၁ နေရာမှာ ရပ်တည်နေတဲ့အသင်းကို ချန်ပီယံဆုဖလားပေးဖို့ တိုက်တွန်းမယ်ဆိုတာ မှန်ကန်တဲ့ သတင်း မဟုတ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆီဖာရင်က  ပြောပါတယ်။
12 months Ago
Up