လိဂ်ပြိုင်ပွဲ

A d v e r t i s e m e n t With Us

May 8, 2020

ကစားသမား ၅ ဦးအထိ လူစားလဲခွင့်ပေးရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် စီစဉ်

လိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်တဲ့အချိန်မှာ ၅ ဦးအထိ လူစားလဲခွင့်ပြုဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စီစဉ်နေပါတယ်။  ဥရောပလိဂ်ပြိုင်ပွဲတွေကို လာမယ့်ဇွန်လဆန်းမှာ ပြန်လည်စတင်နိုင်ဖို့အတွက် စီစဉ်နေတာပါ။  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဘက်ကတော့ လိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာ လူစားလဲမှု အရေအတွက်ကို ပုံမှန်အသုံးပြုနေကျ ၃ ဦးထက်ပိုပြီး ၅ ဦးအထိ ခွင့်ပြုသွားဖို့ ရှိနေတာပါ။  လိဂ်ပွဲစဉ်တွေကို ရာသီဥတုပူပြင်းတဲ့ နွေရာသီမှာ ကျင်းပတာဖြစ်တဲ့အပြင် ပွဲစဉ်တွေကိုလည်း ခပ်စိတ်စိတ် ကျင်းပဖို့ စီစဉ်ထားတာပါ။ ဒါကြောင့် ကစားသမားတွေအတွက် ဒဏ်ရာနဲ့ ပွဲပန်းတာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ၅ ဦးအထိ လူစားလဲခွင့်ပြုသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။  အီတလီဒိုင်ချုပ် နီကိုလာရစ်ဇိုလီကလည်း ဖီဖာရဲ့စီစဉ်မှုနဲ့ ပတ်သက်ပြီး စီစဉ်နေကြောင်း အတည်ပြုခဲ့ပြီး VAR အခန်းတွင်းမှာ တာဝန်ယူမယ့် ဒိုင် ၃ ဦးကိုလည်း အကာအကွယ်ပစ္စည်းတွေနဲ့ လုပ်ဆောင်စေမယ်လို့ သိရပါတယ်။  တခြားစည်းကမ်းတွေအဖြစ် ကစားသမားတွေအနေနဲ့ အသင်းလိုက်အောင်ပွဲခံတာတွေ၊ တံ တွေး ထွေးတာတွေနဲ့ ဂျာစီချင်းလဲလှယ်တာတွေကိုလည်း ကန့်သတ်သွားမယ်လို့ သိရပါတယ်။
10 months Ago

April 14, 2020

အီတလီလိဂ်ပြိုင်ပွဲ မစတင်မီ ကစားသမားအားလုံးကို COVID-19 ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးမည်

အီတလီ စီးရီးအေ တာဝန်ရှိသူတွေဟာ လိဂ်ပြိုင်ပွဲမစခင်မှာ ကစားသမားတွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးသွားဖို့ စီစဉ်နေပါတယ်။  လက်ရှိအချိန်မှာ စီးရီးအေပြိုင်ပွဲကို ရပ်နားထားရပြီး လာမယ့် မေလမှာ စတင်နိုင်ဖို့ ရည်မှန်းထားတာပါ။ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ တည်ငြိမ်လာတာနဲ့အမျှ လိဂ်ပြိုင်ပွဲကို အမြန်ဆုံး အဆုံးသတ်ဖို့ အီတလီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောကြားထားပါတယ်။  ပြိုင်ပွဲမစတင်ခင် မေလဆန်းမှာတော့ စီးရီးအေ ကစားသမားတွေအားလုံးကို ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ဖို့လည်း စီစဉ်ထားတယ်လို့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက ပြောပါတယ်။ အီတလီစီးရီးအေကစားသမားတွေထဲမှာ ဂျူဗင်တပ်စ်အသင်းက ရူဂါနီ၊ ဒိုင်ဘားလားနဲ့ မာတူဒီ စတဲ့ ကစားသမားတွေဟာလည်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။
11 months Ago
Up