လိဂ်ဖလားပြိုင်ပွဲ စတုတ္ထအဆင့်တွင် အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့

A d v e r t i s e m e n t With Us

September 22, 2016

လိဂ်ဖလားပြိုင်ပွဲ စတုတ္ထအဆင့်တွင် အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့

အင်္ဂလန်လိဂ်ဖလား စတုတ္ထအဆင့် ပွဲစဉ်တွေကို မဲနှိုက်ရွေးချယ်ခဲ့ရာမှာ ထိပ်သီးအသင်းကြီးတွေ အချင်းချင်း ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ မန်ယူအသင်းက လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ တွေ့ဆုံခဲ့ပြီး လီဗာပူးနဲ့ စပါး၊ ချဲလ်ဆီးနဲ့ ၀က်စ်ဟမ်းအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြတာပါ။ မန်ယူနဲ့ လီဗာပူးတို့က အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ချဲလ်ဆီးအသင်းကတော့ ၀က်စ်ဟမ်းကွင်းမှာ သွားရောက်ကစားရမှာပါ။ အာဆင်နယ်အသင်းကတော့ ရက်ဒင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ဘရစ္စတိုးလ်စီးတီးနဲ့ ဟားလ်စီးတီး၊ လိဒ်ယူနိုက်တက်နဲ့ နောဝှစ်ခ်ျ၊ နယူးကာဆယ်နဲ့ ပရစ္စတန်၊ ဆောက်သမ်တန်နဲ့ ဆန်းဒါးလန်းအသင်းတို့ တွေ့ဆုံခဲ့ပါတယ်။ အင်္ဂလန်လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေကို လာမယ့် အောက်တိုဘာ ၂၇ ရက်ကျရင် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
4 years Ago
Up