လားရှိုးတွင် ၂၂ ဘီးယာဉ်နှင့်

April 2, 2017

လားရှိုးတွင် ၂၂ ဘီးယာဉ်နှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွား၊ ၂ ဦး ဒဏ်ရာရ

လားရှိုး ရှန်ခိုက်လမ်းခွဲမှာ ဧပြီ ၁ ရက်နေ့က ၂၂ ဘီးယာဉ်နဲ့ဆိုင်ကယ်တစီး ယဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဧပြီ ၁ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်လောက် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူနှစ်ဦးလုံး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့  လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ "ယဉ်တိုက်မှုဖြစ်တော့ အမှတ် ၁၁၉ ယဉ်ထိန်းရဲတပ်ဖွဲ့ ရဲအုပ်စောဝင်းက ဖုန်းဆက်လာတယ်။ အဲဒါကို တာဝန်သိပြည်သူတဦးက လိုက်ထရက်ကားနဲ့ လူနာ ၂ ဦးကို သယ်လာပြီးတော့ အဲမှာကားပြောပြီးတော့ ခုလားရှိုးဆေးရုံကြီးကို ပို့ထားတယ်။" ယဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် ဆိုးရိမ်ရကြောင်း သူတို့ ၂ ဦးရဲ့ နေရပ်လိပ်စာကိုလည်း မသိရှိရသေးကြောင်း ပြောပါတယ်။ ၂၂ ဘီးကား မောင်းသူဟာ ယဉ်တိုက်မှုဖြစ်ပြီးနောက် ကားကိုသော့ခတ်ပြီး ထွက်ပြေးသွားလို့ ရဲတွေက ရှာဖွေစစ်ဆေးနေတယ်လို့ သိရပါတယ်။ နိုင်နိုင်
4 years Ago
Up