.လားရှိုး

February 7, 2021

စစ်အာဏာသိမ်းမှုကို လားရှိုးတွင် လူ ၃၀၀၀ ခန့် ကန့်ကွက်ဆန္ဒပြ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲကို လားရှိုးမြို့မှာ ကျောင်းသား၊ လူငယ်နဲ့ ပြည်သူတွေပူးပေါင်းပြီး လားရှိုးမြို့ တက္ကသိုလ်ရှေ့မှာ နေ့လယ် ၁ နာရီကစတင်ပြုလုပ်ခဲ့ကြပါတယ်။

"ပြည်သူရွေးကောက်တဲ့ အစိုးရ ထောက်ခံပါတယ်၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ၊ နိုင်ငံတော်သစ္စာဖောက်မှု ကျုးလွန်သူများ ဖမ်းဆီးအရေးယူပေး" လို့ အော်ဟစ်ကြွေးကြော်ခဲ့ကြပြီး ပြည်သူအများအားပေးဝန်းရံခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ထုတ်ပွဲမှာ လူအင်အား ၃၀၀၀ လောက် ပါဝင်ခဲ့တယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

10 months Ago
Up