လာရောက်

February 19, 2017

မြောက်ကိုရီးယားသံတမန်များ မလေးရှားရဲဌာနချုပ်ကို လာရောက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့အကို အသတ်ခံရမှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယား နိုင်ငံသားတဦး မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရအပြီး မြောက်ကိုရီးယားသံတမန်တွေ ကွာလာလမ်ပူမြို့ ရဲဌာနချုပ်ကို စနေနေ့က သွားရောက်ကြပါတယ်။ ကင်ဂျုံအွန်းရဲ့အကို အသတ်မခံရခင် လက်ရှိဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၄ ဦးတို့ လေဆိပ်စားသောက်ဆိုင်တဆိုင်မှာ တွေ့ဆုံခဲ့ကြတယ်လို့ မလေးရှားသတင်းစာတစောင်က ဆိုပါတယ်။ ဗီယက်နမ် ပတ်စ်ပို့စ်ကိုင်ဆောင်တဲ့ အမျိုးသမီးတည်းခိုတဲ့ ဟိုတယ်ကို အမျိုးသားတဦး လာရောက်တွေ့ဆုံတဲ့ လုံခြုံရေးကင်မရာဓာတ်ပုံတွေကိုလည်း ဖော်ပြခဲ့ပြီး အဲဒီအမျိုးသားဟာ ဒီသတ်ဖြတ်မှုကို ဦးဆောင်စီစဉ်သူဖြစ်နိုင်တယ်လို့လည်း သတင်းစာမှာ စွပ်စွဲထားပါတယ်။ သူအပါအ၀င် အမျိုးသား ၄ ဦးနဲ့ အဖမ်းခံထားရတဲ့ အမျိုးသမီး ၂ ဦးတို့ လေဆိပ်စားသောက်ဆိုင်တဆိုင်မှာ တွေ့ဆုံခဲ့ကြတဲ့ လုံခြုံရေးကင်မရာဓာတ်ပုံတွေကိုလည်း သတင်းစာမှာဖော်ပြခဲ့ပြီး အဲဒီမှာ ခေါင်းဆောင်လို့ ယုံကြည်ရတဲ့အမျိုးသားက အဆိပ်ရည်ကို အမျိုးသမီးတွေကို ပေးအပ်ခဲ့တယ်လို့ မလေးရှားသတင်းစာ Harian Metro ရဲ့ စနေနေ့ထုတ် သတင်းစာမှာ စွပ်စွဲထားပါတယ်။ အမျိုးသမီး ၂ ဦးတို့ကင်ဂျုံအွန်းရဲ့အကိုကို တိုက်ခိုက်ခဲ့တာကို စောင့်ကြည့်ခဲ့အပြီး အဲဒီအမျိုးသား ၄ ဦးလည်း ပျောက်ကွယ်သွားတယ်လို့ သတင်းစာမှာ ဖော်ပြပါတယ်။ အသက် ၄၆ နှစ်အရွယ် ကင်ဂျုံနမ်ဟာ ကင်ဂျုံအွန်ရဲ့ ဖအေတူ မအေကွဲအကိုဖြစ်ပြီး လေဆိပ်မှာ အတိုက်ခိုက်ခံရအပြီး ဆေးရုံကိုအသွား လမ်းမှာ သေဆုံးခဲ့တာပါ။
4 years Ago
Up