လာပေါ်တေး

February 23, 2019

မန်စီးတီးက နောက်ခံလူ လာပေါ်တေးကို ၂ နှစ် သက်တမ်းတိုး

မန်စီးတီးအသင်းဟာ နောက်ခံလူ လာပေါ်တေးကို စာချုပ်သက်တမ်း ၂ နှစ်တိုးလိုက်တာကြောင့် ၂၀၂၅ ခုနှစ်အထိ အသင်းမှာ ဆက်ရှိတော့မှာ ဖြစ်ပါတယ်။ လာပေါ်တေးဟာ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ နောက်ခံလူတွေထဲမှာ ပွဲအများဆုံး ကစားထားသူလည်း ဖြစ်ပါတယ်။ လာပေါ်တေးကို ၂၀၁၈ က အက်သလက်တစ်ဘီလ်ဘာအို အသင်းကနေ ပေါင် ၅၇ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ အစောပိုင်းစာချုပ်အရ ၂၀၂၃ ခုနှစ်အထိပဲ ဖြစ်ပေမယ့် ကစားသမားရဲ့ ခြေစွမ်းကြောင့် နောက်ထပ် ၂ နှစ် သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ လာပေါ်တေးက စာချုပ်သက်တမ်းတိုးခဲ့တာနဲ့ ပတ်သက်လို့ သူ့ကို အသင်းဟာ အစစအရာရာ ဖန်တီးပေးခဲ့တာကြောင့် အခုထက်ပိုပြီး ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
2 years Ago
Up