လာအိုယူ၁၈

August 6, 2019

အာဆီယံ ယူ-၁၈ ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက လာအိုကို ၃ ဂိုး ၁ ဂိုးဖြင့်နိုင်

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု က အဖွင့်ပွဲစဉ်အဖြစ် မြန်မာနဲ့ လာအိုတို့ ဒီနေ့ညနေက ယှဉ်ပြိုင်ရာ မြန်မာအသင်းက သုံးဂိုး တဂိုးနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအသင်းဟာ ပထမပိုင်းမှာ နှစ်ဂိုး ဂိုးမရှိနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ တဂိုး ထပ်သွင်းနိုင်ခဲ့သလို လာအိုအတွက် ချေပဂိုး တဂိုးကိုလည်း ပွဲချိန် ဒုတိယပိုင်းမှာပဲ သွင်းခဲ့တာပါ။ ဒီပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံမှာ သြဂုတ် ၆ ရက်ကနေ ၁၉ ရက်နေ့အထိ ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု က မှာ အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်းအသင်းတွေနဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ အုပ်စု ခ မှာတော့ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားနဲ့ သြစတြေးလျအသင်းတို့ ပါဝင်နေတာပါ။ မြန်မာအသင်းဟာ လာမယ့် သြဂုတ် ၈ ရက်နေ့မှာ ဖိလစ်ပိုင်၊ ၁၀ ရက်နေ့မှာ တီမော၊ ၁၂ ရက်နေ့မှာ ဘရူနိုင်း၊ ၁၄ ရက်နေ့မှာ အင်ဒိုနီးရှားအသင်းနဲ့ အသီးသီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မြန်မာယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက တာဝန်ယူထားပြီး ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံမှာ သွားရောက်နေထိုင် လေ့ကျင့်ပြီး ခြေစမ်းပွဲသုံးပွဲ ကစားခဲ့ရာ တပွဲနိုင်၊ နှစ်ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။
Zawgyi Version အာဆီယံ ယူ-၁၈ ေဘာလုံးၿပိဳင္ပြဲတြင္ ျမန္မာအသင္းက လာအိုကို ၃ ဂိုး ၁ ဂိုးျဖင့္ႏိုင္ DVB ဗီယက္နမ္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပတဲ့ အာဆီယံ ယူ-၁၈ ခ်န္ပီယံရွစ္ၿပိဳင္ပြဲ အုပ္စု က အဖြင့္ပြဲစဥ္အျဖစ္ ျမန္မာနဲ႔ လာအိုတို႔ ဒီေန႔ညေနက ယွဥ္ၿပိဳင္ရာ ျမန္မာအသင္းက သုံးဂိုး တဂိုးနဲ႔ အႏိုင္ရသြားပါတယ္။ ျမန္မာအသင္းဟာ ပထမပိုင္းမွာ ႏွစ္ဂိုး ဂိုးမရွိနဲ႔ ပြဲကို ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာ တဂိုး ထပ္သြင္းႏိုင္ခဲ့သလို လာအိုအတြက္ ေခ်ပဂိုး တဂိုးကိုလည္း ပြဲခ်ိန္ ဒုတိယပိ္ုင္းမွာပဲ သြင္းခဲ့တာပါ။ ဒီၿပိဳင္ပြဲကို ဗီယက္နမ္ႏိုင္ငံမွာ ၾသဂုတ္ ၆ ရက္ကေန ၁၉ ရက္ေန႔အထိ ယွဥ္ၿပိဳင္သြားမွာ ျဖစ္ၿပီး ျမန္မာအသင္းဟာ အုပ္စု က မွာ အင္ဒိုနီးရွား၊ လာအို၊ တီေမာ၊ ဖိလစ္ပိုင္၊ ဘ႐ူႏိုင္းအသင္းေတြနဲ႔ တအုပ္စုတည္း က်ေရာက္ေနပါတယ္။ အုပ္စု ခ မွာေတာ့ ထိုင္း၊ ဗီယက္နမ္၊ မေလးရွား၊ စင္ကာပူ၊ ကေမ႓ာဒီးယားနဲ႔ ၾသစေၾတးလ်အသင္းတို႔ ပါဝင္ေနတာပါ။ ျမန္မာအသင္းဟာ လာမယ့္ ၾသဂုတ္ ၈ ရက္ေန႔မွာ ဖိလစ္ပိုင္၊ ၁၀ ရက္ေန႔မွာ တီေမာ၊ ၁၂ ရက္ေန႔မွာ ဘ႐ူႏိုင္း၊ ၁၄ ရက္ေန႔မွာ အင္ဒိုနီးရွားအသင္းနဲ႔ အသီးသီး ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ျမန္မာယူ-၁၈ အသင္းကို နည္းျပခ်ဳပ္အျဖစ္ ဦးစိုးျမတ္မင္းက တာဝန္ယူထားၿပီး ၿပိဳင္ပြဲအႀကိဳ ျပင္ဆင္မႈအျဖစ္ ဂ်ပန္ႏိုင္ငံမွာ သြားေရာက္ေနထိုင္ ေလ့က်င့္ၿပီး ေျခစမ္းပြဲသုံးပြဲ ကစားခဲ့ရာ တပြဲႏိုင္၊ ႏွစ္ပြဲ ႐ႈံးနိမ့္ခဲ့ပါတယ္။
2 years Ago
Up