ကိုရိုနာဗိုင်းရပ်စ် ပျံနှံ့မှု မြင့်မားနေဆဲဖြစ်ပေမယ့်လည်း စပိန် လာလီဂါဘောလုံးပြိုင်ပွဲကို ဖျက်သိမ်းလို့ မရနိုင်ကြောင်း လာလီဂါဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က ပြောပါတယ်။
စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄၀,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ အရေအတွက်ဟာလည်း ၁၃,၀၀၀ ကျော်ရှိပြီဖြစ်လို့ စပိန် လာလီဂါပြိုင်ပွဲတွေကို ရပ်နားထားပါတယ်။
ဒါပေမဲ့ လာမယ့် မေလ ၂၉ ရက်မှာ ပြန်လည်စတင်ဖို့ စီစဉ်ထားပြီး ဆက်လက်မကျင်းပနိုင်ဘူးဆိုရင် ပေါင် သန်း ၈၈၀ အထိနစ်နာမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။
မေလအကုန်မှာ ကျင်းပဖို့ အဆင်မပြေခဲ့ဘူးဆိုရင်တော့ ဇွန် ၆ ရက် ဒါမှမဟုတ် ဇွန် ၂၈ ရက်မှာ ပြန်လည်စတင်မှာဖြစ်ပြီး ပရိသတ်မပါဘဲ ကွင်းပိတ်ကစားစေမှာ ဖြစ်တယ်လို့ လာလီဂါဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က ပြောပါတယ်။
11 months Ago