မနေ့က ကစားသွားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်တွေမှာ ကွယ်လွန်သွားခဲ့တဲ့ မာရာဒိုနာအတွက် ပွဲမစခင်မှာ တစ်မိနစ်ငြိမ်သက်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
အာဂျင်တီးနား ဂန္ထဝင် တိုက်စစ်မှူး မာရာဒိုနာဟာ စပိန်ကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ဆီဗီလာအသင်းတွေလည်း ပါဝင်ကစားခဲ့ဖူးတာပါ။
ရီးရဲလ်မက်ဒရစ်နဲ့ အလာဗက်စ်တို့ ကစားသွားတဲ့ လာလီဂါပွဲစဉ်မှာ မာရာဒိုနာရဲ့ရုပ်ပုံကို ကွင်းလည်စည်းမှာထားပြီး နှစ်ဖက် ကစားသမားတွေက တစ်မိနစ်ငြိမ်သက်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
အလားတူ ဗလင်စီယာနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ ပွဲမစခင်မှာလည်း တစ်မိနစ်ငြိမ်သက်ပြီး မာရာဒိုနာကို ဂုဏ်ပြုခဲ့ကြပါတယ်။
အခုလအတွင်းမှာ ကွယ်လွန်သွားတဲ့ ဗလင်စီယာကစား သမားဟောင်း ဟွမ်ဆိုးလ်အတွက်လည်း တစ်ပါတည်း ဂုဏ်ပြုပွဲလုပ်ခဲ့တာပါ။
မာရာဒိုနာကစားခဲ့တဲ့ ဆီဗီလာအသင်းကတော့ ပွဲမစခင်မှာ ကျောနံပါတ် ၁၀ ကို ကစားသမားအားလုံး ဝတ်ဆင်စေပြီး တစ်မိနစ်ငြိမ်သက်ပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။
1 year Ago