လာလီဂါပွဲ

A d v e r t i s e m e n t With Us

April 16, 2020

လာလီဂါပွဲ ပြီးအောင်ကစားနိုင်မှသာ ချန်ပီယံဖြစ်လိုဟု ဘာစီလိုနာ နည်းပြပြော

စပိန်လာလီဂါ ပြိုင်ပွဲပြီးဆုံးအောင် မကစားဘဲ ချန်ပီယံဆုဖလားမလိုချင်ဘူးလို့ ဘာစီလိုနာနည်းပြ ဆက်တီယန်က ပြောလိုက်ပါတယ်။  ဘာစီလိုနာအသင်းဟာ လက်ကျန်ပွဲစဉ် ၁၁ ပွဲအလိုမှာ ဒုတိယနေရာက ရီးယဲလ်မက်ဒရစ် အသင်းကို ၂ မှတ်ဖြတ်ပြီး ဦးဆောင်နေတာပါ။  စပိန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါအခြေအနေ ဆိုးရွားနေဆဲဖြစ်တာကြောင့် လာလီဂါပြိုင်ပွဲကို ဖျက်သိမ်းပြီး ဘာစီလိုနာကို ချန်ပီယံဆုဖလားပေးဖို့လည်းရှိနေတာဖြစ်ပါတယ်။  ဘာစီလိုနာနည်းပြ ဆက်တီယန်ကတော့ ပြိုင်ပွဲပြီးဆုံးအောင် မကစားဘဲ ချန်ပီယံ ဆုဖလား ရယူမယ်ဆိုရင် ပြီးပြည့်စုံတဲ့ ခံစားမူရရှိစေမှာ မဟုတ်ဘူးလို့ဆိုပါတယ်။  နောက်ပြီး အနီးကပ်ဆုံးပြိုင်ဘက် ရီးယဲလ်အပေါ်မှာ မျှတမူ မရှိမှာကို စိုးရိမ်နေတာပါ။  အခုနှစ်လာလီဂါပြိုင်ပွဲကိုဖျက်သိမ်းဖို့ တိုက်တွန်းမှုတွေရှိပေမယ့်လည်း လာမယ့်မေလမှာ ပြန်လည်စတင်နိုင်ဖို့ ရည်မှန်းထားပါတယ်။ 
11 months Ago
Up