လာလီဂါချန်ပီယံဆုဖလား

July 18, 2020

ယခုရာသီ လာလီဂါချန်ပီယံဆုဖလား ရရှိမှု အခက်အခဲဆုံးဟု ရီးရဲလ်ဥက္ကဋ္ဌပြော

ကိုဗစ်-၁၉ စိန်ခေါ်မှုတွေကြားထဲကနေ လာလီဂါချန်ပီယံ ဆုဖလားရယူနိုင်ခဲ့တာက အခက်ခဲဆုံးဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ပြောပါတယ်။  ရီးရဲလ်အသင်းဟာ လက်ကျန် ၁ ပွဲအလိုမှာ ဒုတိယနေရာက ဘာစီလိုနာကို ၇ မှတ်ဖြတ်ပြီး ချန်ပီယံဆုဖလားကို ၃၄ ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။  ပရိသတ်ထောင်ချီနဲ့ အောင်ပွဲခံလေ့ရှိပေမဲ့ အခုနှစ် ချန်ပီယံအောင်ပွဲ အခမ်းအနားကိုတော့ အသင်းရှိ ကစားသမားတွေ၊ မိသားစုဝင်တွေနဲ့ပဲ အကျဉ်းချုံးပြီး ပြုလုပ်ခဲ့ပါတယ်။  အခုနှစ်မှာ ချန်ပီယံဖြစ်ခဲ့တာကို အမြဲတမ်းအမှတ်ရနေမှာဖြစ်ပြီး အခက်ခဲဆုံးအခိုက်အတန့်မှာ ချန်ပီယံဆုဖလား ရခဲ့တာလို့ ပီရက်ဇ်ကပြောပါတယ်။  အသင်းခေါင်းဆောင် ရာမို့စ်ကတော့ ပရိသတ်တွေအတွက် ချန်ပီယံဆုဖလား ပြန်လည်ရယူပေးနိုင်ခဲ့တဲ့အပေါ်မှာ ပျော်ရွှင်ရပြီး အမြဲတမ်းအမှတ်ရနေမယ့် ဆုဖလားဖြစ်တယ်လို့ ပြောပါတယ်။
10 months Ago
Up