အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက လာမယ့် ဘောလုံးရာသီမှာ အောင်မြင်မှုရမရက သူ့ရဲ့အနာဂတ်ကို အဆုံးအဖြတ် ပေးသွားလိမ့်မယ်လို့ ၀န်ခံပြောကြားလိုက်ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးဟာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ပြီး လာမယ့်ဘောလုံးရာသီမှာ ဆုဖလားအောင်မြင်မှု ရယူနိုင်မှသာ အသင်းမှာ ဆက်နေမယ်လို့ ပြောကြားလိုက်တာပါ။
အသက် ၆၆ နှစ်ရှိ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို နည်းပြလာတာ ၂၁ နှစ် ရှိပြီဖြစ်ပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားရအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့လို့ ပရိသတ်တချို့က နည်ပြရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
အာဆင်နယ်နည်းပြဘ၀ကနေ အနားယူဖို့ရှိပေမယ့် နည်းပြဘ၀ကနေ လုံးဝ အနားယူသွားဖို့အထိတော့ စဉ်းစားမှာမဟုတ်ဘူးလို့လည်း အာစင်ဝင်းဂါးက ဆက်ပြောပါတယ်။
အာစင်ဝင်းဂါးဟာ ဒီနှစ် အပြောင်းအရွှေ့မှာ ဆွစ်ဇာလန် ကွင်းလယ်လူ ရှာကာနဲ့ လူငယ်ကစာသမား ၂ ဦးကိုပဲ ခေါ်ယူထားပါတယ်။
5 years Ago