မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်ကစားသမား ယာယာတိုရေးဟာ လာမယ့်ဇန်န၀ါရီ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
ဂွာဒီယိုလာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ကစားသမား ၂၅ ဦး ရွေးချယ်ရာမှာ ယာယာတိုရေးကို ချန်လှပ်ခဲ့တာကြောင့် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဆီလက်ခ်က ယာယာတိုရေးအနေနဲ့ အခြားအသင်းတသင်းကို ပြောင်းရွှေ့ဖို့ အကြိုသဘောတူစာချုပ် ချုပ်ဆိုတော့မယ်လို့ ပြောကြားခဲ့ပြီး ဂွာဒီယိုလာကိုလည်း ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဒီလိုဝေဖန်ခဲ့တာနဲ့ပတ်သက်ပြီး အေးဂျင့်ဆီလက်ခ်အနေနဲ့ မန်စီးတီးအသင်းကို ပြန်လည်တောင်းပန်ဖို့ ဂွာဒီယိုလာက ပြောကြားထားတာပါ။
ယာယာတိုရေးအနေနဲ့ ဇန်န၀ါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့မှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်အသင်းတသင်းဆီပဲ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာပါ။
ယာယာတိုရေးဟာ ၂၀၁၀ ခုနှစ်ကတည်းက မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၂၇၆ ပွဲမှာ ၇၂ ဂိုး သွင်းယူခဲ့ပြီး ဆုဖလား ၆ လုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
4 years Ago