လာမည့်ရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တွင် ယှဉ်ပြိုင်ခွင့်ရမည့် ပရီးမီးယားလိဂ်အသင်းများ

May 22, 2017

လာမည့်ရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တွင် ယှဉ်ပြိုင်ခွင့်ရမည့် ပရီးမီးယားလိဂ်အသင်းများ

လာမယ့် ဘောလုံးရာသီသစ်အတွက် ပရီးမီးယားလိဂ် အသင်းတွေထဲကနေ ချန်ပီယံလိဂ်ဝင်ခွင့်ကို ချန်ပီယံ ချဲလ်ဆီး၊ ဒုတိယနေရာက စပါးစ်၊ တတိယနေရာက မန်စီးတီးနဲ့ စတုတ္ထနေရာက လီဗာပူးအသင်းတို့ ရရှိသွားပါတယ်။ လီဗာပူးအသင်းအတွက်တော့ ၂၀၁၄-၁၅ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်မှာ ပြိုင်ခွင့်ရတာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ အဆင့် ၄ ရတဲ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရတာ မဟုတ်ဘဲ ခြေစစ်ပွဲကနေ ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ မနေ့က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ အသင်းကြီးတွေအားလုံး ပြိုင်ဘက်အသင်းတွေကို ဂိုးပြတ်တွေနဲ့ အနိုင်ရခဲ့တာပါ။ ယူရိုပါလိဂ်ဝင်ခွင့်အတွက်ကိုတော့ အဆင့် ၅ နေရာက အာဆင်နယ်၊ အဆင့် ၆ နေရာက မန်ယူနဲ့ အဆင့် ၇ နေရာက အဲဗာတန်တို့ ရရှိသွားပါတယ်။
4 years Ago
Up