လာမည့်ဆီးဂိမ်းအတွက် မြန်မာဂျူဒိုအားကစားအဖွဲ့၏ ဆုတံဆိပ်မျှော်မှန်းချက်

February 22, 2017

လာမည့်ဆီးဂိမ်းအတွက် မြန်မာဂျူဒိုအားကစားအဖွဲ့၏ ဆုတံဆိပ်မျှော်မှန်းချက်

ဂျူဒိုအားကစားအနေနဲ့ လာမယ့်ဆီးဂိမ်းအတွက် ဆုတံဆိပ်မျှော်မှန်းချက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဝိတ်တန်း ၆ တန်းမှာ ရွှေတံဆိပ် ၁ ဆုနဲ့ တခြားဆုတံဆိပ် ၃ ဆုသာ မျှော်မှန်းထားနိုင်ပါတယ်။ ဒါဟာ အရင်နှစ်တွေထက် ဆုတံဆိပ်မျှော်မှန်းနိုင်မှု လျော့ကျသွားတာဖြစ်တယ်လို့ ဂျူဒိုနည်းပြချုပ် ဦးဇော်လွင်က ပြောပါတယ်။ ရွှေတံဆိပ်ဆုကိုတော့ ဝါရင့်ဂျူဒိုမယ် အေးအေးအောင်ကနေ ရယူပေးနိုင်ဖို့ မျှော်မှန်းထားတာဖြစ်ပါတယ်။ တခြားအားကစားသမားတွေကတော့ ကြိုးစားနေပေမယ့် နိုင်ငံတကာ အတွေ့အကြုံမရှိတာကြောင့် ဆုတံဆိပ် မမျှော်မှန်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံတကာပြိုင်ပွဲအများစုဟာ အိမ်ရှင်အားသာချက်နဲ့ ပြိုင်ပွဲအကန့်အသတ်တွေ ပြုလုပ်နေတာကြောင့် ဆုတံဆိပ်မျှော်မှန်းနိုင်မှု အပိုင်းမှာလည်း လျော့ကျနေခဲ့ရတာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ထက်လူ
4 years Ago
Up