လာမည့်ရာသီ

A d v e r t i s e m e n t With Us

July 4, 2020

လာမည့်ရာသီ ဘာစီလိုနာအသင်းကို နည်းပြဇာဗီ ကိုင်တွယ်မည်

စပိန်နည်းပြဇာဗီဟာ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းကို တာဝန်ယူဖို့  သဘောတူ ထားတယ်လို့ သိရပါတယ်။  ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး နည်းပြချုပ် ဆက်တီယန်နဲ့ ရာသီအကုန်မှာ လမ်းခွဲမယ်လို့ သတင်းထွက်ပေါ်နေတာပါ။  လာလီဂါပြိုင်ပွဲပြီးဆုံးဖို့ ၅ ပွဲအလိုမှာ ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်နဲ့ ၄ မှတ်ကွာဟနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့သာ ကြိုးပမ်းရတော့မယ့် အခြေအနေဖြစ်ပါတယ်။ စပိန်သတင်းစာ မန်ဒိုဒီပို့တီဗိုကတော့ ကာတာကလပ် အယ်လ်ဆတ်အသင်းမှာ နည်းပြချုပ် အဖြစ် တာဝန်ယူနေတဲ့ဇာဗီဟာ ရာသီအကုန်မှာ ဘာစီလိုနာနည်းပြအဖြစ် တာဝန်ယူဖို့ သဘောတူ လိုက်ပြီလို့ ဖော်ပြခဲ့ပါတယ်။  ဘာစီလိုနာဂန္ထဝင်ကစာသမားတစ်ဦးဖြစ်တဲ့ ဇာဗီကို အခုနှစ်ဆန်းပိုင်းကတည်းက ဘာစီလိုနာက ခေါ်ယူခန့်အပ်ချင်ခဲ့ပေမယ့် ဇာဗီဘက်က လက်မခံခဲ့တာဖြစ်ပါတယ်။  ဇာဗီဟာ ဘာစီလိုနာမှာ ၇၆၇ ပွဲအထိ ကစားခဲ့ပြီး  လက်ရှိအသင်းခေါင်းဆောင် မက်ဆီနဲ့ လည်း အကောင်းဆုံးတွဲဖက် ကစားနိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ 
7 months Ago

June 28, 2020

လာမည့်ရာသီအတွက် မန်ယူအသင်း ငွေမည်မျှသုံးမည်ကို မသိဟု ဆိုးလ်ရှား ဝန်ခံ

မန်ယူအသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီမှာ ငွေကြေးဘယ်လောက်အသုံးပြုမလဲဆိုတာ သေချာ မသိရှိသေးကြောင်း နည်းပြဆိုးလ်ရှားက ဝန်ခံလိုက်ပါတယ်။ လာမယ့်ဘောလုံးရာသီအတွက် ကစားသမားဘယ်နှဦး ဝယ်ယူမလဲဆိုတာ မသိရှိသလို ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိရှိနိုင်သေးဘူးလို့ ဆိုပါတယ်။ ကိုဗစ်-၁၉ကပ်ရောဂါက အသင်းအားလုံးကို ဘဏ္ဍာရေးဆိုင်းရာမှာ ထိခိုက်စေခဲ့ပြီး ယူနိုက်တက်အသင်းက ဘဏ္ဍာရေးဆိုင်ရာမှာ တောင့်တင်းတဲ့ အသင်းဖြစ်ပေမယ့်လည်း  တခြား အသင်းတွေထက်ပိုပြီး ထိခိုက်နိုင်တာမျိူးလည်းဖြစ်နိုင်တယ်လို့ ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။  လက်ရှိအချိန်မှာတော့ ကွင်းထဲကို ပရိသတ်တွေ ဘယ်အချိန်မှာ ဝင်ရောက်ကြည့်ရှု နိုင်မလဲဆိုတာ မသိသေးသလို ရာသီအကုန်မှာ အသင်းရဲ့ရပ်တည်မှုဟာလည်း ဘယ်လိုဖြစ်မလဲ ဆိုတာ မသိသေးတာကြောင့် ငွေကြေးဘယ်လောက်အသုံးပြုမလဲဆိုတာ သေချာမှုမရှိ သေးတာ ဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။
7 months Ago
Up