လာမယ့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းအတွက် ဝူရှူးအားကစားနည်းကနေ အနည်းဆုံး ရွှေတံဆိပ် ၃ ဆု မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ မတ်လ ၁ ရက်နေ့ကတည်းကစလို့ နေပြည်တော် Gold Camp လယ်ဝေး အားကစားလေ့ကျင့်ရေးစခန်း ၂ မှာ စခန်းသွင်း လေ့ကျင့်နေပါတယ်။
ဝူရှူးအားကစားနည်းဟာ သမိုင်းတလျှောက် အရှေ့တောင်အာရှနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ အသီးသီးရရှိထားတဲ့ ကစားနည်း ဖြစ်ပါတယ်။
နိုင်ငံခြားသား တရုတ်နည်းပြကိုလည်း လာမယ့် ၁၂ လပိုင်းမှာ ခေါ်ယူသွားပြီး နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေ လုပ်သွားဖို့ ရှိပါတယ်။
သတင်း၊ ဓာတ်ပုံ - ထက်လူ
4 years Ago