လာဘ်ပေးလာဘ်ယူမှုဖြင့် ဆမ်ဆောင်းအုပ်စု အကြီးအကဲကို ထောင်ဒဏ် ၅ နှစ်ချ

August 25, 2017

လာဘ်ပေးလာဘ်ယူမှုဖြင့် ဆမ်ဆောင်းအုပ်စု အကြီးအကဲကို ထောင်ဒဏ် ၅ နှစ်ချ

တောင်ကိုရီးယားနိုင်ငံရဲ့ ဆမ်ဆောင်းအုပ်စု အကြီးအကဲ ဘီလျံနာသူဌေးကြီး ဂျေဝိုင်လီကို သြဂုတ် ၂၅ ရက်နေ့က လာဘ်ပေးလာဘ်ယူမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။ တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကို ရာထူးကနေ ဖယ်ရှားခဲ့တဲ့ အရှုပ်တော်ပုံကိစ္စနဲ့ ပတ်သက်ပြီး ဂျေဝိုင်လီဟာ ၆ လကြာ တရားရင်ဆိုင်ပြီးနောက် ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဆိုးလ်ခရိုင်တရားရုံးရဲ့ အဆိုအရ ဂျေဝိုင်လီဟာ ပတ်ဂွမ်ဟေးဆီကနေ အခွင့်အရေး ရလိုမှုနဲ့ လာဘ်ပေးခဲ့တဲ့အပြင် နိုင်ငံရပ်ခြားမှာ ပိုင်ဆိုင်ပစ္စည်း ကွယ်ဝှက်ထားမှု၊ ငွေကြေး အလွဲသုံးစားမှုနဲ့ မုသားထွက်ဆိုမှုတို့မှာ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ်ကျခံရတာ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကော်ပိုရေးရှင်းတွေထဲက တခုရဲ့ အရိုက်အရာဆက်ခံသူ အသက် ၄၉ နှစ်အရွယ် လီဝိုင်ဂျေဟာ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းနဲ့ မိုက်ခရိုချပ်စ်တွေကို ထုတ်လုပ်တဲ့ ဆမ်ဆောင်း အီလက်ထရွန်းနစ်လုပ်ငန်းရဲ့ အကြီးအကဲဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up