လာဘ်စားမှုကိစ္စ

February 4, 2017

လာဘ်စားမှုကိစ္စ တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်ကို ရှာဖွေခွင့်ပြုရန် တောင်းဆိုမည်

သမ္မတ ပတ်ဂွန်ဟေးရဲ့ လာဘ်စားမှုနဲ့ပတ်သက်ပြီး သမ္မတရဲ့ အိမ်ပြာတော်ရုံးကို ၀င်ရောက်ရှာဖွေခွင့်ပြုဖို့ ယာယီသမ္မတထံ တရားဝင် တောင်းဆိုမယ်လို့ တောင်ကိုရီးယား အထူးအမှုစွဲရှေ့နေရုံးက ဖေဖော်ဝါရီ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အထူးအမှုစွဲရှေ့နေရုံး ပြောခွင့်ရပုဂ္ဂိုလ်က “ရာဇ၀တ်မှုပုဒ်မ ၁၁၀ နဲ့ ၁၁၁ တွေအရ အိမ်ပြာတော်က ရှာဖွေခွင့်ပြုဖို့ ငြင်းဆန်ရင် ကျနော်တို့အနေနဲ့ ဖိအားပေးလို့မရပါဘူး” လို့ အရင်ဆုံး ရှင်းပြခဲ့ပါတယ်။ “အိမ်ပြာတော်ရဲ့ ငြင်းဆန်မှုဟာ ကျိုးကြောင်းမဆီလျော်တဲ့အတွက် ဒီကိစ္စကို ခွင့်ပြုဖို့ ယာယီသမ္မတထံ တရားဝင် စာရေးအကြောင်းကြားမယ်လို့” လည်း ရှင်းပြသွားပါတယ်။ အမှုစွဲရှေ့နေရုံး အရာရှိတွေက အိမ်ပြာတော်ကို ကြိုတင်အကြောင်းမကြားဘဲ ပထမအကြိမ် ရှာဖွေဖို့ကြိုးစားရာမှာ အိမ်ပြာတော်ဝန်ထမ်းတွေက ပိတ်ဆို့တားဆီးခဲ့ပါတယ်။ အဲ့ဒီ့နောက် အမှုစွဲရှေ့နေရုံးက အိမ်ပြာတော်ကို တရားဝင် ရှာဖွေခွင့်ရဖို့ တောင်းဆိုမယ့်အကြောင်း အခုလို  ပြောဆိုလိုက်တာဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးဟာ လာဘ်စားမှုမှာ ပူးပေါင်းပါဝင်မှုနဲ့ ရာထူးက ဖယ်ရှားခံထားရပြီး သူ့ကိုစွဲချက်တင်ဖို့ သင့်မသင့် ဖွဲ့စည်းပုံတရားရုံးက ဆက်လက်စစ်ဆေးနေပါတယ်။ သမ္မတရဲ့ အရင်းနှီးဆုံး မိတ်ဆွေ ချိုအီ-စွန်းစီကိုတော့ လဘ်စားမှုမှာ အဓိကတာဝန်ရှိသူအဖြစ် ဖမ်းဆီးပြီး သီးသန့်တရားရုံးတခုက စစ်ဆေးနေကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
4 years Ago
Up