လာဒက်ဒေသ

August 22, 2019

အိန္ဒိယရှိ လာဒက် ဗုဒ္ဓဘာသာနယ်မြေတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာဖွယ်ရှိ

အိန္ဒိယပိုင် ကက်ရှ်မီးယားပြည်နယ်ကို နယ်မြေနှစ်ခုအဖြစ် သတ်မှတ်လိုက်ပြီးနောက် လာဒက် ဗုဒ္ဓဘာသာနယ်မြေမှာ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာမယ့် အရိပ်အယောင်တွေ မြင်နေရပါတယ်။ အိန္ဒိယအစိုးရက ပြည်တွင်းလုံခြုံရေး အခြေအနေလို့ အကြောင်းပြပြီး ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေနဲ့ လာဒက် ပြည်ထောင်စုနယ်မြေဆိုပြီး နယ်မြေနှစ်ခု သတ်မှတ်လိုက်တာပါ။ ဒီလိုကြေညာလိုက်တာဟာ လာဒက်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်တဲ့ ဒေသအဖြစ် ပြောင်းလဲစေပြီး အိန္ဒိယအစိုးရဟာ အဲဒီဒေသက နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ဆယ်စုနှစ်ချီ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးလိုက်တာ ဖြစ်ပါတယ်။ “လာဒက်ဒေသဟာ အင်မတန် အေးချမ်းပါတယ်။ လာဒက်ဒေသခံတွေဟာ အိန္ဒိယအစိုးရ ဆုံးဖြတ်ချက်ကို ယဉ်ကျေးစွာနဲ့ နွေးထွေးစွာ လက်ခံပါတယ်။ အိန္ဒိယနိုင်ငံ တခုတည်းက မဟုတ်ဘဲ နိုင်ငံခြားက ခရီးသွားတွေ လာရောက်ဖို့လည်း ကြိုဆိုပါတယ်" လို့ ခရီးသွား မန်တက်စ် အန်ဆာရီက ပြောပါတယ်။ ပိုလန်ခရီးသွား ဂျယ်ရီကလည်း “ခြုံပြောရရင် လာဒက်ဒေသဟာ အင်မတန်သာယာတဲ့ နေရာတခုပါ။ ကျနော် ဒီကို ဒုတိယအကြိမ် လာလည်တာပါ။ နောင်လည်း ထပ်လာလည်ဦးမှာပါ။ ကျေနာ် အရမ်းသဘောကျတယ်။ လာဒက်ဒေသဟာ သာယာတယ်။ တောင်တန်းတွေက တကယ့်အံ့မခန်းပဲ" လို့ ပြောပါတယ်။ လာဒက်ဒေသ စီးပွား‌ရေးဟာ အစဉ်အလာအရ လယ်ယာလုပ်ငန်းအပေါ် အမှီပြုရပေမယ့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကနေလည်း ဒေသဝင်ငွေ ရနေပါတယ်။ အဲဒီလုပ်ငန်းမှာ ရှေးဟောင်း ဘုန်းကြီးကျောင်းတွေ လည်ပတ်တာနဲ့ တောင်တက်ခရီးတွေ ပါဝင်ပါတယ်။ လာဒက်ဒေသ ခရီးသွားလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဆီတန်အန်ချက်က “ဒီဒေသတွေက နှစ်အတော်ကြာ မျက်ကွယ်ပြုခံခဲ့ရပါတယ်။ အခုက ပြည်ထောင်စုနယ်မြေ ဖြစ်သွားပြီဆိုတော့ လာမယ့်နှစ်တွေမှာ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အဦပိုင်း သိသိသာသာ တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။ အခုလို လာဒက်ဒေသကို ပြည်ထောင်စုနယ်မြေအဖြစ် ပြောင်းလဲလိုက်တာကြောင့် ကက်ရှ်မီးယားလောင်းရိပ်အောက်က ရုန်းထွက်ပြီး အစိုးရရန်ပုံငွေနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေ ပိုမိုလုပ်နိုင်မယ်လို့ ဒေသနိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဆန်းစစ်လေ့လာသူတွေက မျှော်လင့်ကြပါတယ်။
Zawgyi Version အိႏၵိယရွိ လာဒက္ ဗုဒၶဘာသာနယ္ေျမတြင္ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးလာဖြယ္ရွိ DVB အိႏၵိယပိုင္ ကက္ရွ္မီးယားျပည္နယ္ကို နယ္ေျမႏွစ္ခုအျဖစ္ သတ္မွတ္လိုက္ၿပီးေနာက္ လာဒက္ ဗုဒၶဘာသာနယ္ေျမမွာ ခရီးသြားလုပ္ငန္း ပိုမိုဖြံ႕ၿဖိဳးလာမယ့္ အရိပ္အေယာင္ေတြ ျမင္ေနရပါတယ္။ အိႏၵိယအစိုးရက ျပည္တြင္းလုံၿခဳံေရး အေျခအေနလို႔ အေၾကာင္းျပၿပီး ဂ်မူးနဲ႔ ကက္ရွ္မီးယား ျပည္ေထာင္စုနယ္ေျမနဲ႔ လာဒက္ ျပည္ေထာင္စုနယ္ေျမဆိုၿပီး နယ္ေျမႏွစ္ခု သတ္မွတ္လိုက္တာပါ။ ဒီလိုေၾကညာလိုက္တာဟာ လာဒက္ေဒသကို ကိုယ္ပိုင္အုပ္ခ်ဳပ္တဲ့ ေဒသအျဖစ္ ေျပာင္းလဲေစၿပီး အိႏၵိယအစိုးရဟာ အဲဒီေဒသက ႏိုင္ငံေရးေခါင္းေဆာင္ေတြရဲ႕ ဆယ္စုႏွစ္ခ်ီ ေတာင္းဆိုခ်က္ကို ျဖည့္ဆည္းေပးလိုက္တာ ျဖစ္ပါတယ္။ “လာဒက္ေဒသဟာ အင္မတန္ ေအးခ်မ္းပါတယ္။ လာဒက္ေဒသခံေတြဟာ အိႏၵိယအစိုးရ ဆုံးျဖတ္ခ်က္ကို ယဥ္ေက်းစြာနဲ႔ ေႏြးေထြးစြာ လက္ခံပါတယ္။ အိႏၵိယႏိုင္ငံ တခုတည္းက မဟုတ္ဘဲ ႏိုင္ငံျခားက ခရီးသြားေတြ လာေရာက္ဖို႔လည္း ႀကိဳဆိုပါတယ္" လို႔ ခရီးသြား မန္တက္စ္ အန္ဆာရီက ေျပာပါတယ္။ ပိုလန္ခရီးသြား ဂ်ယ္ရီကလည္း “ၿခဳံေျပာရရင္ လာဒက္ေဒသဟာ အင္မတန္သာယာတဲ့ ေနရာတခုပါ။ က်ေနာ္ ဒီကို ဒုတိယအႀကိမ္ လာလည္တာပါ။ ေနာင္လည္း ထပ္လာလည္ဦးမွာပါ။ ေက်နာ္ အရမ္းသေဘာက်တယ္။ လာဒက္ေဒသဟာ သာယာတယ္။ ေတာင္တန္းေတြက တကယ့္အံ့မခန္းပဲ" လို႔ ေျပာပါတယ္။ လာဒက္ေဒသ စီးပြား‌ေရးဟာ အစဥ္အလာအရ လယ္ယာလုပ္ငန္းအေပၚ အမွီျပဳရေပမယ့္ ကမာၻလွည့္ ခရီးသြားလုပ္ငန္းကေနလည္း ေဒသဝင္ေငြ ရေနပါတယ္။ အဲဒီလုပ္ငန္းမွာ ေရွးေဟာင္း ဘုန္းႀကီးေက်ာင္းေတြ လည္ပတ္တာနဲ႔ ေတာင္တက္ခရီးေတြ ပါဝင္ပါတယ္။ လာဒက္ေဒသ ခရီးသြားလုပ္ငန္းအဖြဲ႕ဥကၠ႒ ဆီတန္အန္ခ်က္က “ဒီေဒသေတြက ႏွစ္အေတာ္ၾကာ မ်က္ကြယ္ျပဳခံခဲ့ရပါတယ္။ အခုက ျပည္ေထာင္စုနယ္ေျမ ျဖစ္သြားၿပီဆိုေတာ့ လာမယ့္ႏွစ္ေတြမွာ ခရီးသြားလုပ္ငန္း အေျခခံအေဆာက္အဦပိုင္း သိသိသာသာ တိုးတက္လာမယ္လို႔ ယုံၾကည္ပါတယ္” လို႔ ေျပာပါတယ္။ အခုလို လာဒက္ေဒသကို ျပည္ေထာင္စုနယ္ေျမအျဖစ္ ေျပာင္းလဲလိုက္တာေၾကာင့္ ကက္ရွ္မီးယားေလာင္းရိပ္ေအာက္က ႐ုန္းထြက္ၿပီး အစိုးရရန္ပုံေငြနဲ႔ အေျခခံအေဆာက္အအုံ တည္ေဆာက္ေရးလုပ္ငန္းေတြ ပိုမိုလုပ္ႏိုင္မယ္လို႔ ေဒသႏိုင္ငံေရးေခါင္းေဆာင္ေတြနဲ႔ ဆန္းစစ္ေလ့လာသူေတြက ေမွ်ာ္လင့္ၾကပါတယ္။
2 years Ago
Up