လာကာဇက်

A d v e r t i s e m e n t With Us

January 19, 2021

ခြေစွမ်းပြကစားနိုင်ရန် လာကာဇက်ထံမှ အကူအညီအများဆုံးရခဲ့ကြောင်း စမစ်ရိုး ပြော

ခြေစွမ်းပြ ကစားနိုင်ဖို့ အသင်းဖော် တိုက်စစ်မှူး လာကာဇက်ဆီက အကူအညီ အများဆုံးရခဲ့တယ်လို့ အာဆင်နယ်ကွင်းလယ်လူ စမစ်ရိုးက ပြောပါတယ်။  အင်္ဂလန်လူငယ်ကွင်းလယ်လူ စမစ်ရိုးဟာ အသက် ၂၀ နှစ်သာရှိသေးပေမယ့် အာဆင်နယ်အသင်းရဲ့ ၆ ပွဲဆက် တိုက်ရှုံးပွဲမရှိ ရလဒ်တွေမှာ အဓိက နေရာကနေ ခြေစွမ်းပြခဲ့ပါတယ်။  မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာလည်း ဆာကာ ရဲ့ ဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ပြီး ဒီနှစ်ရာသီမှာ ကြိမ်မြောက်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။  စီနီယာ အသင်းကြီးမှာ အံဝင်ခွင်ကျဖြစ်စေဖို့နဲ့ ခြေစွမ်းပြသနိုင်ဖို့အတွက် အသင်းဖော်တွေအားလုံးက အားပေးကူညီကြပြီး တိုက်စစ်မှူးလာကာဇက်ကတော့ အများဆုံးဖြစ်တယ်လို့ စမစ်ရိုးကပြောပါတယ်။  အသင်းနည်းပြကလည်း လွတ်လွတ်လပ်လပ် ကစားဖို့ပြောခဲ့ပြီး ဟတ်ဒါဖီးလ်တောင်းနဲ့ လိုက်ဇစ်အသင်းတွေမှာ အငှားထွက်ကစားခဲ့ရတာကလည်း ခြေစွမ်းတိုးတက်လာစေခဲ့တယ်လို့ စမစ်ရိုးက ဆိုပါတယ်။
2 months Ago

January 5, 2021

လာကာဇက်၏အနာဂတ်ကို ရာသီကုန်မှ ဆုံးဖြတ်မည်ဟု အာဆင်နယ်နည်းပြပြော

တိုက်စစ်မှူး လာကာဇက်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ရာသီအကုန်မှာ ဆွေးနွေးသွားမယ်လို့ နည်းပြ အာတီတာက ပြောပါတယ်။  ပြင်သစ်တိုက်စစ်မှူး လာကာဇက်ဟာ အသင်းနဲ့ ၁၈ လ စာချုပ်သက်တမ်းသာ ကျန်ရှိတော့တာကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာ ဖြစ်နေတာပါ။  လတ်တလောမှာ ခြေစွမ်းပြသနေတဲ့ လာကာဇက်ဟာ အသင်းရဲ့နောက်ဆုံး ၄ ပွဲမှာ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။  လာကာဇက်ရဲ့စာချုပ်သက်တမ်းနဲ့ ပတ်သက်လို့ လက်ရှိအချိန်မှာ ဆွေးနွေးတာမျိုး မရှိသေးပေမယ့် အခုနှစ်ရာသီအကုန်မှာ ဆွေးနွေးမှာဖြစ်ပြီး ဘယ်လိုအဖြေထွက်လာမလဲဆိုတာ စောင့်ကြည့်သွားရမယ်လို့ နည်းပြအာတီတာက ပြောပါတယ်။  လက်ရှိအချိန်မှာ ပြသနေတဲ့ လာကာဇက်ရဲ့ခြေစွမ်းအပေါ် အားရကျေနပ်မိပြီး အဲဒီခြေစွမ်းကို ဆက်ထိန်းထားဖို့လိုတယ်လို့ ဆိုပါတယ်။ ပြင်သစ်တိုက်စစ်မှူး လာကာဇက်ဟာ ၂၀၁၇ ခုနှစ်က လီယွန်အသင်းကနေ ပေါင် ၄၆.၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး စုစုပေါင်း ၁၄၆ ပွဲ ကစားထားရာမှာ စုစုပေါင်း ၅၇ ဂိုး သွင်းယူ ထားပါတယ်။
2 months Ago
Up