လာကာဇက်တီ

August 29, 2018

အရန်အဖြစ် ပွဲထွက်ရသော်လည်း အသင်းကို ကူညီနိုင်ဟု လာကာဇက်တီ ပြော

အရန်ကစားသမားအဖြစ် ပွဲထွက်ကစားနေရပေမယ့် အသင်းကို ကူညီနိုင်တယ်လို့ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီက ပြောကြားလိုက်ပါတယ်။ တိုက်စစ်မှူး လာကာဇက်တီဟာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ လူစားဝင်ကစားခွင့်ပဲ ရခဲ့တာပါ။ ဒီလို ပွဲထွက်ခွင့်မရပေမယ့် အသင်းကို မတူညီတဲ့နည်းလမ်းနဲ့ ကူညီပေးနိုင်တယ်လို့ လာကာဇက်တီက ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရပေမယ့် လာကာဇက်တီကို လူစားလဲပြီးနောက်မှာ အနိုင်ဂိုးတွေ ရခဲ့တာ ဖြစ်ပါတယ်။ အရန်ခုံမှာ ထိုင်နေရပေမယ့် အသင်းအတွက် ကစားပေးတဲ့အချိန်မှာ အဆင်သင့်ဖြစ်နေဖို့ ကြိုးပမ်းတယ်လို့လည်း လာကာဇက်တီက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်မှာ အူဘာမီယန်းတဦးတည်း ရုန်းကန်နေရတဲ့အတွက် လာကာဇက်တီနဲ့ တွဲဖက်အသုံးပြုဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
3 years Ago

August 15, 2018

တိုက်စစ်တွင် လာကာဇက်တီနှင့် အတူတွဲကစားခွင့်ပေ့းရန် အော်ဘာမီယန်း တောင်းဆို

အာဆင်နယ်တိုက်စစ်မှာ လာကာဇက်တီနဲ့ အတူတွဲကစားခွင့်ပေးဖို့ အော်ဘာမီယန်းက တောင်းဆိုလိုက်ပါတယ်။ တိုက်စစ်မှူး လာကာဇက်တီနဲ့ မိမိဟာ တဦးနဲ့တဦး နားလည်မှုရှိပြီး  အတူတွဲကစားမယ်ဆိုရင် အသင်းအတွက် ပိုကောင်းနိုင်တယ်လို့ အော်ဘာမီယန်းက ESPN နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ လာကာဇက်တီကို ဗဟိုတိုက်စစ်မှူးနေရာမှာ ထားမယ်ဆိုရင် မိမိအနေနဲ့လည်း တောင်ပံထွက်ကစားရတာဟာ ကိစ္စမရှိတဲ့အကြောင်းနဲ့ မန်စီးတီးနဲ့ပွဲတုန်းက အဲဒီလိုကစားခဲ့တာက အသင်းတိုက်စစ်ကို ပိုကောင်းစေခဲ့တယ်လို့ အော်ဘာမီယန်းက ဆိုပါတယ်။ ဒါ့အပြင် နည်းပြသစ်နဲ့ အတူလက်တွဲရတာ မကြာသေးသလို ကစားသမားသစ်တွေလည်း ပါဝင်တာကြောင့် အံဝင်ဖို့ အချိန်အနည်းငယ် လိုသေးတယ်လို့ အော်ဘာမီယန်းက ပြောပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်မှာ မန်စီးတီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး လာမယ့်အပတ်မှာလည်း ချဲလ်ဆီးအသင်းနဲ့ အဝေးကွင်းမှာ ထပ်ပြီး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up