လသာမြို့နယ်

February 20, 2020

လမ်းမတော် သံဈေးမီးလောင်မှု  မနက် ၉ နာရီ ၁၀ မိနစ်တွင် မီးငြိမ်း

ရန်ကုန်တိုင်း၊ လသာမြို့နယ်ရှိ လမ်းမတော်လမ်းသံဈေးမှာ ဒီမနက် ၆ နာရီလောက်က စတင်တဲ့ မီးလောင်ကျွမ်းမှုကို  Level 5 အဆင့် မီးငြှိမ်းသတ်နေရာမှာ ၈ နာရီခွဲအချိန်မှာ မီး ထိန်းနိုင်ခဲ့ပြီး မနက် ၉ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းသွားပြီလို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီမီးလောင်မှုမှာ လူသေဆုံးမှု မရှိသေးပေမယ့် မှန်ကွဲစတွေကြောင့် ထိခိုက်ဒဏ်ရာ ရသူ တွေ ရှိနေပါတယ်။  လတ်တလော မနက် ၉ နာရီကျော်လောက်အထိ  မီးလောင်မှုမှာပိတ်မိနေသူ ၈၂ ဦးကို  ကယ်ဆယ်ထားပြီး ကျန်တဲ့ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေဆဲဖြစ်ပါတယ်။ မီးလောင်တဲ့နေရာကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအပါအဝင် အစိုးရတာဝန်ရှိသူတွေ မီးလောင်ပြင်ကို  လာရောက် ကြည့်ရှုစစ်ဆေးနေပါတယ်။  မီးလောင်ရခြင်းအကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကိုတော့ အခုချိန်ထိမသိရသေးပါဘူး။ သင်းသင်းဇော် Photo - Ye Ko / MPA
1 year Ago
Up