လဝကဥပဒေ

A d v e r t i s e m e n t With Us

July 1, 2020

ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ပြန်ဝင်လာသူ ၂၉ ဦးကို လဝကဥပဒေဖြင့် အရေးယူ 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားမဝင် နည်းလမ်းနဲ့ မြန်မာနိုင်ငံထဲ ပြန်လည်ဝင်ရောက်တဲ့သူ ၂၉ ဦးကို လဝက ဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။ မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထိန်လင်းက "ခိုးဝင်ခိုးထွက် လဝကဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှု ဖွင့်လှစ်ထားတာရှိတယ်။ အားပေးကူညီမှု ဥပဒေပုဒ်မ ၁၃(၅)နဲ့ အမှုဖွင့်အရေးယူသူတွေလည်း ရှိတယ်။ မောင်ခရိုင်တစ်ခုလုံးမှာ ပထမအသုတ်အနေနဲ့ အားလုံး၂၉ ဦးကို အမှုဖွင့်အရေးယူထားတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။ မောင်တောမြို့နယ်မှ ၁၉ ဦးကို လဝကဥပဒေပုဒ်မ ၁၃(၁) နဲ့ အမှုဖွင့်လှစ်ထားပြီး ဘူးသီးတောင်မြို့မှ ၆ ဦးကို လဝက ဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့်ထားကာ  ၄ ဦးကိုတော့ အားပေးကူညီမှု ဥပဒေပုဒ်မ ၁၃(၅)နဲ့  အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အကြမ်းဖက်ဖြစ်စဉ်ကြောင့် မောင်တောခရိုင်အတွင်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နေရပ်စွန့်ခွါသွားကြသူတွေ မိမိဆန္ဒအလျှောက်မောင်တောခရိုင်သို့ ပြန်လည်ဝင်ရောက်လာ သူ ၆၉၇ ဦးရှိပြီး  သူတို့ကိုတော့ အရေးယူဆောင်ရွက်ခြင်းမရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာသူ ၇၀၀ နီးပါးထဲက အစိုးရကို အသိပေးပြန်လာသူတွေကိုတော့ အရေးယူတာမရှိဘဲ ကိုဗစ်-၁၉ ရောဂါကာလအတွင် တရားမဝင် ခိုးဝင်လာသူ ၈၀ ဦး လောက်ထဲက ကလေးသူငယ်တွေနဲ့ အသက်မပြည့်သူတွေကို ပယ်ထုတ်ပြီး ကျန် ၂၉ ဦးကို ၁၉၄၇ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဥပဒေနဲ့ အရေးယူတာ ဖြစ်ပါတယ်။ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူတွေအထဲက ၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိထားပြီး   နိုင်ငံတော်မှ တရားမဝင် ဝင်ရောက်လာကြသူတွေကို အရေးယူဖို့ တရားဝင်စာထုတ်ပြန်ပြီးနောက် ပထမဆုံး အရေးယူခံတာ ဖြစ်ကြပါတယ်။  
8 months Ago

June 16, 2020

မိတ္ထီလာတွင် တရုတ်နိုင်ငံသား ၁ ဦးကို လဝကဥပဒေဖြင့် အမှုဖွင့်အရေးယူ 

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ပြည်သာယာ ၃ လမ်းထိပ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သူ ၃ ဦးကို သက်ဆိုင်ရာက အရေးယူခဲ့ပါတယ်။  အရေးယူခံရတဲ့ ၃ ဦးအနက် တစ်ဦးဟာ  အသက် ၂၈ နှစ်အရွယ် တရုတ်နိုင်ငံသား လျိုရှင်(ခ)လျိုထိုက်ဟုန် ဖြစ်ပြီး  ဝမ်းတွင်းမြို့နယ် ကျောင်းကုန်းရွာမှာ ခွင့်ပြုချက်မဲ့ ၅ လကျော်နေထိုင်ခဲ့တာကြောင့် လဝကဥပဒေနဲ့ ဇွန်လ ၁၅ ရက်မှာ အမှုဖွင့်လိုက်တာလို့  မိတ္ထီလာအမှတ်(၃)ရဲစခန်းက ပြောပါတယ်။ စခန်းမှူး ရဲအုပ်ဝင်းမြင့်ဦးက "ဒုလဝကမှူးတစ်ဦးက တရားလိုလုပ်ပြီး အမှုလာဖွင့်တယ်။ လဝကဥပဒေနဲ့ပါ မလှိုင်နယ်ဘက်မှာ စိုက်ပျိုးရေးလုပ်မလို့ ရောက်နေတာ စိုက်တော့ မစိုက်ရသေးဘူး။  ရေတွင်းတူးနေတာလို့ သိရတယ်"လို့ ပြောပါတယ်။ မိတ္ထီလာမြို့နယ်ဘက်မှာ တရုတ်နိုင်ငံသားတွေက လာရောက်ပြီး မြေငှားက စိုက်ပျိုးရေးလုပ်ငန်းတွေ လာရောက်  လုပ်ကိုင်ကြတာဖြစ်ပါတယ်။  ဒေသခံကိုမျိုးဦးက " နယ်တွေဘက်မှာ တရုတ်တွေ မြေငှားပြီး စိုက်ပျိုးရေး လာလုပ်ကြတယ်။ နယ်ခံတွေကလည်း မြေငှားခရကြတယ်။ သူတို့ဆီက နည်းပညာယူပြီး နယ်ခံတွေ စိုက်ပျိုးစားကြရင် မြေငှားခထက် ပိုရမှာပါ" လို့ ပြောပါတယ်။ မိတ္ထီလာအမှတ်(၃)ရဲစခန်းမှာ တရုတ်နိုင်ငံသားလျိုရှင်(ခ)လျိုထိုက်ဟုန်ကို နိုင်ငံအတွင်း ခွင်ပြုချက်မဲ့နေထိုင်မှု လဝကအက်ဥပဒေ ၁၃(၁)ဖြင့် အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
8 months Ago
Up