လယ်လာနာ

July 26, 2020

လီဗာပူးကွင်းလယ်လူ လယ်လာနာ ဘရိုက်တန်သို့ ပြောင်းဖွယ်ရှိ

လီဗာပူးအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကွင်းလယ်လူ လယ်လာနာဟာ ဘရိုက်တန်အသင်းကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီလို့ Goal သတင်းမှာ ဖော်ပြပါတယ်။  ဒီအပြောင်းအရွေ့ကို လာမယ့်သီတင်းပတ်မှာ အတည်ပြုထုတ်ပြန်သွားမယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။  လယ်လာနာကို လက်စတာ၊ ဘန်လေနဲ့ အသင်းဟောင်း ဆောက်သမ်တန်တို့က ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး နည်းစနစ်ဒါရိုက်တာ ဒန်အက်ရှ်ဝုဒ်ကြောင့် ဘရိုက်တန်အသင်းကို ရွေးချယ်ခဲ့ တာဖြစ်ပါတယ်။  ဘရိုက်တန်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာအဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး   ရာသီပိတ်ပွဲစဉ်ကိုလာမယ့်တနင်္ဂနွေနေ့မှာ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်သွားဖို့ရှိ ပါတယ်။  အသင်းဟာတန်းဆင်းဇုန်အန္တရာယ်ကနေ အပြည့်အဝလွတ်မြောက် သွားခဲ့ပြီဖြစ်ပြီး တနင်္ဂနွေနေ့ပွဲစဉ်မှာသာ ရလဒ်ကောင်းရရှိခဲ့မယ်ဆိုရင်  အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာအထိ ရောက်ရှိဖို့အခွင့်အရေးရှိနေပါတယ်။  အသက် ၃၂ နှစ်ရွယ်လယ်လာနာဟာ ၂၀၁၄ ခုနှစ်မှာဆောက်သမ်တန်အသင်းကနေ လီဗာပူး အသင်းကိုရောက်ရှိခဲ့သူဖြစ်ပြီး ခြောက်ရာသီအတွင်းအသင်းအတွက် ၁၇၈ ပွဲပါဝင်ကစားခဲ့ ပါတယ်။  အင်္ဂလန် ကွင်းလယ်လူဟာ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားဗိုလ်လုပွဲ ရောက်ရှိခဲ့တဲ့ လီဗာပူးလူစာရင်းမှာပါဝင်ခဲ့ပေမယ့် သူ့ရဲ့လီဗာပူးကစားသမားဘဝ ပထမဆုံး ဆုဖလားကိုတော့ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာမှ ရရှိခဲ့သူဖြစ်ပါတယ်။  ဒါ့အပြင်သူဟာ လီဗာပူးအသင်းနဲ့အတူပရီးမီးယားလိဂ်၊UEFA စူပါဖလား၊ကမ္ဘာ့ကလပ်အ သင်းများဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။  လယ်လာနာဟာ အင်္ဂလန်ကစားသမားတွေထဲမှာမှ ထူးခြားတဲ့ ဘောလုံးစွမ်းရည်ကို ပိုင်ဆိုင်ထားသူဖြစ်ပြီးတော့ သူဟာလီဗာပူးလ်နည်းပြယာဂန်ကလော့နှစ်သက်တဲ့ကစားသမားတွေ ထဲ က တစ်ဦးလည်း ဖြစ်ပါတယ်။  ကလော့ကသူ့ကိုအသင်းရဲ့ဂန္တဝင်တစ်ဦးလို့လည်း မကြာသေးခင်က တင်စားခေါ်ဝေါ်ခဲ့ ပါတယ်။  ၆နှစ်ကြာ ကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင်ကနေစွန့်ခွာရတော့မယ့်အတွက် စိတ်မကောင်းဖြစ်မိ တယ်လို့ လယ်လာနာက သူ့ရဲ့နှုတ်ဆက်စကားမှာ ထည့်သွင်းပြောဆိုခဲ့ပေမယ့် ရှေ့မှာ စောင့်ကြိုနေ တဲ့ စိန်ခေါ်မှုအသစ်တွေအတွက်  စိတ်လှုပ်ရှားမိတယ်လို့ပြောခဲ့ပါတယ်။ 
9 months Ago

February 8, 2020

လယ်လာနာကို အာဆင်နယ်နှင့် စပါး စိတ်ဝင်စားနေ

လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်းကုန် ဆုံးတော့မယ့် ကွင်းလယ်လူ လယ်လာနာကို အာဆင်နယ်နဲ့ စပါးအသင်းတွေက စိတ်ဝင်စားနေပါတယ်။  အင်္ဂလန်ကစားသမား လယ်လာနာရဲ့စာချုပ်သက်တမ်းက အခုနှစ် ဘောလုံးရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။  လီဗာပူးဘက်က သက်တမ်းတိုးဖို့ မကမ်းလှမ်းသေးတာကြောင့် ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ရှိနေပါတယ်။ လယ်လာနာကို လက်စတာအသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။  အသက် ၃၁ နှစ်ရှိလာပြီဖြစ်တဲ့ လယ်လာနာဟာ ၂၀၁၄ ခုနှစ်ကတည်းက ဆောက်သမ်တန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ ၆ ရာသီကာလအတွင်း ပြိုင်ပွဲစုံ ၁၇၅ပွဲ ကစားပေးခဲ့ပြီး ၂၂ ဂိုးသွင်းယူထားပါတယ်။
1 year Ago
Up