လယ်ဇင်စံပြကျေးရွာ

September 5, 2021

မုံရွာတွင် အသက်မပြည့် ကလေး ၁ ဦးအပါအဝင် ၈ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာမှာ စက်တင်ဘာ ၄ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး အသက်မပြည့်သေးတဲ့ ကလေး ၁ ဦးအပါအဝင် ပြည်သူ ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ PDF အဖွဲ့ဝင်တွေကို လာရှာတယ်ဆိုပြီး ဝင်ရောက်စီးနင်းကာ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “မနေ့ နေ့လယ်မှာ စစ်ကား ၁၀ စီးနဲ့ ကျနော်တို့ရွာ လယ်ဇင်ရွာ ရောက်လာခဲ့တယ်၊ သတင်းပေးလို့ဆိုပြီး။ ကျနော်တို့ ရွာကို လူ ၂ ယောက် ရောက်နေတယ်ဆိုပြီး လာရှာတယ်။ ဖမ်းဆီးသွားတာက အပြစ်မဲ့သူတွေ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကတော့ ကိုစိုးလွင်၊ ကိုလတ်မြင့်အောင်၊ ကိုကောင်သား၊ မြတ်လင်းအောင်၊ ကို​အေးမင်းထက်၊ ကိုပိုင်ဇင်မိုး၊ ကိုကောင်းဇင်လင်းနဲ့ မောင်စီတို့ ဖြစ်တယ်လို့ သိရပါတယ်။

3 months Ago
Up