လယ်ကွင်း

July 13, 2020

ဗင်းမ်မြို့ရှိ လယ်ကွင်းထဲက စက်ဝိုင်းပုံ ဂျုံပင်များကို လူရာချီ လာကြည့် (ရုပ်သံ)

ပြင်သစ်နိုင်ငံမြောက်ပိုင်း၊ ဗင်းမ်မြို့ရှိ လယ်ကွင်းထဲက စက်ဝန်းပုံ ဂျုံပင်တွေကို သီတင်းပတ်တပတ်ကြာ ဇူလိုင် ၁၂ ရက်ထိ လူရာချီ လာရောက်ကြည့်ရှုနေကြတယ်လို့ သိရပါတယ်။ အလယ်မှာ ကြက်ခြေပုံပါပြီး စက်ဝန်းပုံအဆင်တွေ ပေါ်နေကာ ပြားနေတဲ့ ဂျုံပင်တွေကို ဗင်းမ်မြို့က ဒေသခံလယ်သမား တယောက်က ဇူလိုင် ၅ ရက်မှာ စတွေ့ခဲ့ပါတယ်။  “ဂျုံပင်တွေ ပြားနေတဲ့နေရာမှာ စွမ်းအင်တွေ အများကြီး ရှိတယ်လို့ ခံစားမိတယ်။ ဒီ ကောက်ပဲသီးနှံတွေကို စက်ဝိုင်းပုံပေါ်အောင် လုပ်သူဟာ ပိုမြင့်တဲ့ ထက်မြက်မှုရှိတာ ဖြစ်ကောင်းဖြစ်မယ်” လို့ အငြိမ်းစား နည်းပညာဆရာမ တယောက်က ပြောပါတယ်။ ကြက်ခြေခတ်ဟာ ပထမကမ္ဘာစစ်တုန်းက တိုက်ပွဲဖြစ်ခဲ့တဲ့ ဒီနေရာရဲ့ အတိတ်သမိုင်းနဲ့ ၁၂ ရာစုက တည်ထောင်ခဲ့တဲ့ ကက်သလစ် ခရစ်ယာန်တွေရဲ့ စစ်တပ်ကို ရည်ညွှန်းမှုလို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။ ဗင်းမ်မြို့မှာ ကနေဒါ အမျိုးသား စစ်သမိုင်း အမှတ်တရတွေ ရှိနေပါတယ်။ လယ်ကွင်းပိုင်ရှင်ကတော့ ဒီအမှတ်အသားကို စိတ်ဝင်စားကြသူတွေကြောင့် နောက်အပတ် စိုက်ပျိုးမယ့် ဂျုံ စတုရန်းမီတာ ၃၀၀ လောက် ပျက်သွားတယ်လို့ ပြောပါတယ်။ လူတချို့ကတော့ ဒီစက်ဝန်းတွေကို င်္ဂြိုဟ်သားတွေ လုပ်တာလို့ ယုံနေကြပါတယ်။
10 months Ago
Up