လယ်မြေ

A d v e r t i s e m e n t With Us

February 1, 2019

တမူးတွင် မိုးခေါင်မှုကြောင့် စိုက်ပျိုးလယ်မြေဧက ၆၀၀ ကျော် ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ကဘော်အထက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က မိုး​ခေါင်​မှုကြောင့် စိုက်​ပျိုးလယ်​​မြေဧက ၆၀၀ ကျော် ပျက်စီးခဲ့ပြီး ​ချေးငွေပြန်​ဆပ်​ဖို့ အခက်အခဲ ကြုံတွေ့နေရတယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။ တောင်​​သူလယ်​သမားသမဂ္ဂမှ ဦးဉာဏ်​ထွန်းက စိုက်ပျိုးလယ်မြေဧကတွေ ပျက်စီးခဲ့လို့ တောင်သူလယ်သမား ၅၀ ကျော် ချေးငွေပြန်ဆပ်ဖို့ အခက်အခဲ ကြုံနေရပြီး ချေးငွေပြန်ဆပ်ဖို့ ဆိုင်းငံ့ပေးစေချင်တယ်လို့ ပြောပါတယ်။ “အဲ့အတွက်​ ဆိုင်​ငံ့ပေး​စေချင်​ပါတယ်​။ စိုက်စရိတ် ခက်ခဲ​နေတဲ့အတွက်​ ယခုနှစ်​ပြန်​စိုက်​ဖို့ကို အပြင်​က​နေ ၂၀ တိုး၊ ၁၅ ကျပ်​တိုးယူပြီး ဆပ်ရမှာဖြစ်​ပါတယ်။ ​ချေး​ငွေကိုလည်း အရင်​နှစ်​များထက်​ အချိန်​​စောပြီး ထုတ်​​ပေးနိုင်​ရင်​ ​တောင်​သူ​တွေအတွက်​ ပိုပြီးအဆင်​​ပြေပါတယ်။" ​တောင်​သူ​တွေ ချေး​ငွေမလုံလောက်တာ​ကြောင့် ပုံစံ ၇ ရှိပေမယ့် ​ချေး​ငွေမရသူ​တွေလည်း ရှိနေပြီး ပြင်​ပကနေ ​ချေးငွေကို လယ်​ယာပိုင်​​ ​တောင်​သူတိုင်း ရ​အောင် ​လုပ်​​ပေး​စေချင်​သလို မိုး​ခေါင်​တဲ့ဒဏ်ကို ကာကွယ်​နိုင်​ဖို့ လယ်​ယာ​မြေတိုင်း ရေရရှိေ​အောင်​ ဆည်​မြောင်းတွေ အမြန်​တည်​​ဆောက်​​ပေး​စေချင်တယ်လို့ တောင်သူတွေက ပြောပါတယ်။ ​တောင်​သူ ဦးစံ​ရွှေက “အခုလို မိုး​ခေါင်​​ ရေမရတာမျိုး အရင်​နှစ်​​တွေက မဖြစ်​ဖူးခဲ့ဘူး။ အခု ၂၀၁၇/၁၈ မှ ဖြစ်​ဖူးတာပါ​။ တောင်​သူ​တွေ ​တော်​​တော်​​လေး အထိနာပါတယ်​။ ​နောက်​ထပ်​ ပြန်​စိုက်​ပျိုးဖို့ကို အခက်​​တွေ့နေရပါတယ်​" လို့ ပြောပါတယ်။ ဂေါင်ဂေါင်
2 years Ago

January 6, 2019

ကျောက်တံခါးတွင် ပုံစံ ၇ ထဲ လယ်မြေဧက မမှန်မကန်လျှောက်ထားမှုကြောင့် ချေးငွေ ဆိုင်းငံ့

ကျောက်တံခါးမြို့နယ်အတွင်း ကျောင်းစိုးကျေးရွာအုပ်စုက ဆောင်းသီးနှံ စိုက်ဘဏ်ချေးငွေလျှောက်ထားရာမှာ တောင်သူအချို့ ပုံစံ ၇ ထဲ လယ်မြေဧက မမှန်မကန်လျှောက်ထားတွေ့ရှိတာကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်း ဆောင်းသီးနှံအတွက် ဘဏ်ချေးငွေလျောက်ကြရာမှာ လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ ၇ ထဲက လယ်ဧကနဲ့ အပြင်မှာ လက်ရှိ တကယ်ပိုင်ဆိုင်တဲ့ လယ်ဧကတွေထက် ပိုတင်ထားတဲ့ မှန်မကန်လိမ်ညာလျှောက်ကြသူ အများအပြား ဖော်ထုတ်တွေ့ရှိခဲ့တာကြောင့် ကျေးရွာတအုပ်စုလုံးကို ချေးငွေ ဆိုင်းငံ့ထားတယ်လို့ ကျောက်တံခါးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ  ဒေါ်မိုးသီတာက ဒီဗွီဘီကို ပြောကြားပါတယ်။ ''ကျမတို့ မြို့နယ်ထဲက ၅၄ အုပ်စုရှိပါတယ်။ ၅၃ အုပ်စုကို ၂၀၁၈ အတွင်းမှာ ငွေချေးပေးပြီးဖြစ်ပေမယ့် ကျောင်းစိုးကျေးရွာအုပ်စုမှာ ပုံစံ ၇ ထဲက လယ်ဧကရယ်၊ မြို့နယ်မြေစာရင်းရုံးက ပုံစံ ၅ ထဲမှာ ဖြည့်စွပ်ထားတာတွေက ဧကတွေ ကွာနေလို့ ကျမတို့ ဘဏ်အနေနဲ့ ချေးငွေ ဆိုင်းငံ့ထားရပါတယ်။ တောင်သူတွေ အပြင်မှာ တကယ်ရှိတာက ၁ ဧက ပုံစံ ၇ မှာက '၁' နောက်ကနေ '၀' တွေဖြည့်တယ်။ အခြားဂဏန်းတွေ ထပ်မံဖြည့်ထားတာကို လေ့လာတွေ့ရှိရသလို မြို့နယ်မြေစာရင်းရုံးကို စစ်ဆေးပေးဖို့ ပြောထားပါတယ်။' ပုံစံ ၇ ထဲမှာ လယ်ဧက တိုးပြီးချေးယူသူ အခြား ၅၃ အုပ်စုတွေမှာတော့ သုံးလေးဦးသာ တွေ့ရှိရပေမယ့် ကျောင်းစိုးကျေးရွာအုပ်စုမှာတော့ တောင်သူ ၁၅၇ ဦး ရှိတာကို စိစစ်တွေ့ရှိရတယ်လို့ သိရပါတယ်။ မြို့နယ် မြေစာရင်းဦးစီးဌာနမှ ဦးအောင်ချိန်လှိုင် ''တောင်သူတွေက သူတို့ဘာသာဖြည့်စွပ်ထားတာလည်းပါတယ်။ ပုံစံ ၇ ထုတ်ပေးရေး စီမံချက် ကာလတွေတုန်းက ကျနော်တို့ ရုံးပိုင်းဆိုင်ရာကလည်း မြို့နယ်မြေစာရင်း ပုံစံ ၅ မှာ ပြန်လည်မှတ်တမ်းတင်မှုမှာ မပါမိတာတွေလည်း ရှိမှာပါ။ ဒါပေမယ့် ကျနော်ဘက်မှာတော့ အမှုတွဲတွေရှိပြီးသားပါ။ စိုက်ဘဏ်က တောင်သူပိုင်ဆိုင်တဲ့ စိုက်ဧကအမှန် ကျနော်တို့ ပြန်လည်စိစစ်ပြီးမှ တောင်သူကို ငွေချေးပေးမယ်ပြောလို့ အခုတပတ်အတွင်း အပြီးစိစစ်လုပ်နေပါတယ်။ တောင်သူဘက်ကလည်း ၁ ဧကနောက်မှာ ဂဏန်းတွေ ထပ်ဖြည့်လိုက်တာရှိသလို ကျနော်တို့ ရုံးပိုင်း သက်ဆိုင်ရာ မြေတိုင်းစာရေးများဘက်ကလည်း မှားယွင်းဖြည့်စွပ်မိတာတွေရှိပါတယ်'' လို့ ဒီဗွီဘီကို ပြောပါတယ်။ ဆောင်းသီးနှံအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဒီဇင်ဘာလတိုင်း တောင်သူတွေကို အပြီးချေးပေးနေပြီး ၁ ဧကကို အရင်နှစ်တွေက ၅ သောင်းချေးပေးရာမှ အခုနှစ်ပြီး ၁ သိန်းအထိ ထပ်မံထိုးချဲ့ချေးပေးခဲ့ပါတယ်။ အတိုးနှုန်းက ၁ နှစ်ကို ချေးငွေရဲ့ ၈ ရာခိုင်နှုန်း၊ ၁၀၀ ကျပ်ကို ၆၇ ပြား ဖြစ်ပါတယ်။
2 years Ago
More News
Up