လယ်သမားအရေး ကူညီပေးသူ ဒေါ်မြင့်မြင့်အေးအပါအဝင် ၉ ဦး ထောင်ဒဏ်ချမှတ်ခံရ

June 27, 2015

တောင်ဖီလာသင်္ချိုင်း အင်အားသုံးဖယ်ရှားမှု ဒေသခံ ၂၀၀၀ ကျော် ဆန္ဒပြမည်

ကလေးမြို့ တောင်ဖီလာမျိုးနွယ်စုတွေ ထိန်းသိမ်းလာတဲ့ တောင်ဖီလာသင်္ချိုင်းကို အာဏာပိုင်တွေက ဇွန် ၄ ရက်နေ့မှာ  ရဲအင်အားအပြည့်သုံးပြီး ဘူဒိုဇာနဲ့ ထိုးကော် မြေလှန်ခဲ့ကြတာကို မကျေနပ်တဲ့အတွက် ဒေသခံ လူအင်အား ၂၀၀၀ ကျော်ဟာ ဇွန်လ ၂၉ ရက်နေ့မှာ  ဆန္ဒဖော်ထုတ်ကြမှာဖြစ်ပါတယ်။ ဒါကတော့ ဘာသာရေးခေါင်းဆောင်ကြီးတွေအပါအဝင် အသင်းတော်ကြီးတွေက တစုတစည်းပူးပေါင်းကာ ဆန္ဒဖော်ထုတ်ကြမှာပါ။ အဲဒီသင်္ချိုင်းနေရာကို တိုင်းရင်းဆေးရုံဆောက်လုပ်ဖို့အတွက်ဆိုပြီး ဖယ်ခိုင်းရာကနေ အခုလို ကိစ္စမျိုးတွေဖြစ်လာတာဖြစ်ပါတယ်။ ဒီတောင်ဖီလာသင်္ချိုင်းကို မြို့တော်စည်ပင်က ၂၀၁၄  ခုနှစ် ဒီဇင်ဘာလကတည်းက ဖယ်ခိုင်းနေတာဖြစ်ပြီး ဒီသင်္ချိုင်းကို အင်္ဂလိပ်အစိုးရလက်ထပ်ကတည်းက မျိုးနွယ်စုခေါင်းဆောင်တွေက နယ်မြေအဖြစ်တောင်းပြီး အိမ်ခြေ ၈ အိမ်နဲ့ ရွာတည်ခဲ့တာဖြစ်ပါတယ်။  
6 years Ago

June 21, 2015

ပြည်သူ့စစ်အဖွဲ့ သိမ်းဆည်းမြေ လားရှိုးဒေသခံများ ပြန်လည်ရယူလို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် ကုန်းပေါင်းနဲ့ နားကျိုင်းကျေးရွာတွေမှာ မန်ပန် ပြည်သူ့စစ်အဖွဲ့ကနေ သိမ်းယူထားတဲ့ တောင်ယာခြံမြေတွေကို ပြန်လိုချင်တယ်လို့ သိမ်းဆည်းခံတောင်သူတွေက ပြောပါတယ်။ ဒီမြေတွေဟာ နမ့်ပေါင်-နောင်လိုင် ကားလမ်းဘေးမှာရှိပြီး လက်ရှိမှာတော့ ရာဘာတွေ စိုက်ထားပါတယ်။ ဧက ၅၀၀ ကျော်ရှိတဲ့ ဒီမြေတွေကို မန်ပန် ပြည်သူ့စစ်အဖွဲ့ကနေ ၂၀၀၆ ခုနှစ်မှာ အဓမ္မ သိမ်းယူခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “လျော်ကြေးဆိုပြီးတော့ ၁ ဧကကို ၃ သောင်းနှုန်း သတ်မှတ်ပြီး ရွာသူကြီးနဲ့ အဖွဲ့ဝင်တွေဆီကို ပေးခဲ့တယ်။ ယူယူမယူယူ ဆိုပြီးပေးတာပါ” လို့ တောင်သူတွေရဲ့ ကိုယ်စားလှယ် ဦးစိုင်းကံညွန့်က ပြောပါတယ်။ အဲဒီကာလတွေက တောင်သူတွေရဲ့ အကြောက်တရားတွေကြောင့် ဘယ်သူ့ကိုမှ မတိုင်ရဲခဲ့ကြပါဘူး။ လက်ရှိအခြေအနေမှာတော့ သိမ်ဆည်းမြေယာတွေကို ပြန်ပေးလာတာတွေ ရှိနေတဲ့ အတွက် ဒုတိယသမ္မတ အပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးဆီကို ဒီရက်ပိုင်းမှာပဲ စာရေးသားပေးပို့ဖို့ ရှိနေပါတယ်။ unnamedမြန်မာတနိုင်ငံလုံးမှာ တပ်မတော်နဲ့ ဌာနဆိုင်ရာတွေက သိမ်းဆည်းထားတဲ့ မြေဧကပေါင်း သိန်းချီရှိနေတာပါ။
6 years Ago
More News
Up