လယ်သမားတဦးအား စစ်သားအယောင်ဆောင် ဓားပြတိုက်သူ ၃ ဦးကို ထိုင်းရဲ ရှာဖွေ

A d v e r t i s e m e n t With Us

October 11, 2016

လယ်သမားတဦးအား စစ်သားအယောင်ဆောင် ဓားပြတိုက်သူ ၃ ဦးကို ထိုင်းရဲ ရှာဖွေ (ရုပ်သံ)

ထိုင်းနိုင်ငံ၊ မူကာဟန်ခရိုင်ထဲမှာ စစ်သားတွေ အယောင်ဆောင်ကာ လယ်သမားတဦးဆီက ဘတ်ငွေ ၂ သန်း ဓားပြတိုက်ခဲ့ကြတဲ့ လူ ၃ ဦးကို ရဲတွေက ဖမ်းဆီးနိုင်ဖို့ ရှာဖွေနေကြပါတယ်။ အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပိုင်ဆန်ယူခွန်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းမှာ ရာဘာလုပ်ငန်း ကုန်သွယ်မှုကိစ္စအတွက် ဘတ်ငွေ ၂ သန်းနဲ့ အိမ်အပြန်လမ်းမှာ ခုလိုကြုံခဲ့ရတာလို့ ပြောပါတယ်။ သူမောင်းနှင်လာတဲ့ SUV ကားကို ဆီဒင်ကားအနက်ရောင်တစီးက ပိတ်ရပ်ကာ တားဆီးခဲ့ပြီး ကားပေါ်မှ စစ်သားယူနီဖောင်းနဲ့ လူ ၃ ဦး ဆင်းလာခဲ့တာပါ။ အဲဒီနောက်မှာတော့ သူ့ကို လက်ထိပ်ခပ်ပြီး ကားပေါ်တက်ဖို့ အမိန့်ပေးကာ ၁၀ ကီလိုမီတာ အကွာအဝေးလောက်ရောက်အောင် ခေါ်ဆောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ ကားပေါ်ပါ သူ့ရဲ့ငွေတွေကို အဲဒီလူ ၃ ဦးက ခိုးယူသွားခဲ့ကြတာဖြစ်တယ်လို့ ထိုင်းအခြေစိုက် ခေါဝ်ဆွတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ မူကာဟန်ခရိုင် ရဲအရာရှိချုပ် အဖီဆစ် သိမ်ပမ်ပွန်က “အနီးအနားက စစ်တပ်စခန်းတွေကို ကျနော်တို့ စုံစမ်းစစ်ဆေးခဲ့ပြီးပါပြီ။ တရားခံတွေဟာ စစ်သားတွေမဟုတ်ဘူးဆိုတာ သေချာပါတယ်” လို့ ပြောပါတယ်။ ဒါဟာ သာမန်တိုက်ဆိုင်မှုတခုမဖြစ်နိုင်ဘဲ သူတို့တွေအနေနဲ့ ပိုင်ဆန်ဟာ ဒီငွေတွေကို ယူလာမယ်ဆိုတာ သိကိုသိနေတာဖြစ်ရမယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိမှာတော့ ရဲတွေက တရားခံ ၃ ဦးကို မဖမ်းဆီးနိုင်သေးဘဲ ပိုင်ဆန်ရဲ့ ကားပေါ်ပါ ကင်မရာမှတဆင့် ခြေရာခံ စုံစမ်းနေတယ်လို့ ဆိုပါတယ်။
4 years Ago
Up