လယ်သမား

July 18, 2019

လုပ်​သားရှားပါး၊လုပ်​ခ​ဈေးမြင့်နေသဖြင့် စိုက်​စရိတ်ချေးငွေပိုပေးရန် ရခိုင်လယ်သမားများ ​တောင်းဆို

ရခိုင်ပြည်နယ်၊ မောင်​​တော​ဒေသမှာ လုပ်​သားရှားပါ​​ကာ လုပ်​အာခ ဈေးနှုန်းတွေ မြင့်​မား​နေတာကြောင့် အစိုးရအနေနဲ့ စိုက်​ပျိုး​စရိတ်ချေး​ငွေတွေ ပို​မို​ထုတ် ချေး​ပေးဖို့ ဒေသခံ လယ်​သမားတွေက တောင်းဆို လိုက်ပါတယ်။ မောင်​​တော​ဒေသမှာ ၂၀၁၇ အကြမ်းဖက်​ဖြစ်​စဉ်​တွေ ဖြစ်​ပွားပြီး​နောက်​ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက်ကို ​လူ ၇ သိန်းခန့်​​ နေရပ်​စွန်​ခွာသွားပြီး​နောက်​​ပိုင်း  လုပ်​သားရှားပါးမှုနဲ့ ရင်​ဆိုင်​​နေရကာ လုပ်​ခတွေ ​ဈေးမြင့်​​နေ​သော​ကြောင့်​ ​လယ်​သမားတွေ အခက်​​တွေ့ နေရတာပါ​။ ​မောင်​​တောမြို့ လယ်​ယာစိုက်​ပျိုး​ရေးဘဏ်​မှ လယ်​သမားတွေကို တဧကကို ငွေတသိန်းခွဲနဲ့ ​ချေး​ငွေထုတ်​​ချေးနေရာ လယ်​သမားတွေဟာ ထွန်​ယက်​စိုက်​ပျိုးစရိတ်​နဲ့​ မလုံမ​လောက် ဖြစ်​​နေကြတဲ့အတွက် ​ချေးငွေပိုမိုထုတ်​​ချေး ​ပေး​စေလို​တယ်လို့ ပြောကြပါတယ်​။ ​မောင်​​တော​တောင်​ပိုင်း ​ဗောဓိကုန်း​ကျေးရွာမှ လယ်​သမား ဦးဖြူသာထွန်းက​ “အခု လုပ်​ခ​တွေက ​ဈေးများပါတယ်။ လူတ​ဦးကို တ​ရက်​ငှားခ ကျပ် ၁၂၀၀၀ ​​လောက်​​ပေးရတယ်​။ အမြတ်​အစွန်း မရှိ​ပေမယ့် ချေး​ငွေကိုရှာကြံပြီး ပြန်​ဆပ်​ပြီးမှ​ချေးယူတာဖြစ်​ပါတယ်​။ ဒီနှစ်​က မိုးလည်းခေါင်​တယ်​။ ရာသီဥတုမမှန်​တဲ့အတွက်​ အခက်​​တွေ့နိုင်​သလို ချေး​ငွေက တဧကကို ၁ သိန်းခွဲ ဆိုတာ စိုက်​ပျိုးစရိတ်​နဲ့ မလုံ​လောက်​ပါဘူး။ ​နောက်​ထပ်​ ၃​ သောင်း​လောက် ​တိုး​ချေး​ ပေး​စေချင်​ပါတယ်​”လို့ ဆိုပါတယ်​။ ​မောင်​​တောမြို့နယ်​အတွင်း လယ်​ယာစိုက်​ပျိုး​ရေးဘဏ်​မှ ​မေ ၈ ရက်​​မှ ဇူလိုင်​ ၁၅ ရက်​​အထိ ကျေးရွာအုပ်​စု ၁၁ စု၊ လယ်​သမားဦး​ရေ ၅၂၀ ​ဦးရဲ့ စိုက်​ပျိုး​ မြေဧကစုစု​ပေါင်း ၁၅၉၉ ဧကအတွက်​ ထုတ်​​ချေးငွေ ၂၃၉၈ သိန်းခွဲထုတ်​​ချေးထား​ကြောင်း ​မောင်​​တောမြို့ လယ်​ယာစိုက်​ပျိုး​ရေးဘဏ်​က သိရပါတယ်​။ ​ဗောဓိကုန်း​ကျေးရွာမှ လယ်​သမား​ ဦး​မောင်​မြသာက​ "ကျနော်​မှာ လယ်​​မြေ ဧက သုံးဧက ရှိတယ်​ ​တဧကကို တသိန်းခွဲဆို​တော လေးသိန်းခွဲချေး​ငွေရပါတယ်။ အခက်အခဲက​တော့ ဒီနှစ်​မှာ ရာသီဥ​ဖောက်​ပြန်​မှုကြောင့် အခုအချိန်​မှ လယ်​ထွန်​ရမှာဖြစ်​တယ်​။ ပျိုးစိုက်​ဖို့ အချိန်​လိုက်​မီ နိုင်​​တော့ဘူး။ ကြဲစပါးပဲ စိုက်​ပျိုးနိုင်​မှာဖြစ်​တဲ့အတွက်​ ​ချေးငွေကိုပြန်​ဆပ်​နိုင်​ဖို့ အမြတ်​အစွန်းရနိုင်​ဖို့က​တော့ စိုက်​ပျိုး​ရေးမလုပ်​ဘဲ ​မွေးမြူ​ရေးလုပ်​ရတာလည်းရှိတယ်​"လို့​ ပြောပါတယ်​။ ​မောင်​​တောမြို့နယ်​ လယ်​ယာစိုက်​ပျိုး​ရေးဘဏ်​မန်​​နေဂျာ ဦးကံထွန်း​အောင်​က “​ဝေးလံ​ ခေါင်​ဖျားတဲ့​ဒေသ​တွေက ​မောင်​​တောဒေသကို လာရတဲ့အခါ စရိတ်​ကြီးမားပါတယ်​။ ​​တောင်​သူ​တွေအတွက်​ အခက်​အခဲတွေ ရှိပါတယ်​။ တကယ်​လို့သာ စိုက်ဘဏ်​က ​ကျေးရွာအ​ရောက်​ ဟိုတုန်းကလို​ ချေး​ငွေ​တွေ ပိုမိုထုတ်​​ချေးနိုင်​မယ်​ဆိုရင် ​မောင်​​တော​ဒေသ လယ်​ယာစိုက်​ပျိုး​ရေး အတိုင်းအတာ တ​ခုထိ​ ကောင်းလာမယ်​လို့ထင်​ပါတယ်​”လို့  ပြောပါတယ်​။ စိုက်ပျိုးစရိတ် ချေး​ငွေ​တွေကို အရင်က ကျေးရွာ​တွေဆီသို့ သွား​ရောက်​​ချေး​ပေးခဲ့​ပေမယ့်​ ၂၀၁၇ ပဋိပက္ခ​နောက်​ပိုင်း နယ်​​မြေလုံခြုံ​ရေးအ​ခြေအ​နေတွေကြောင့်​ ​ကျေးရွာတွေကို သွား​ရောက်​ မချေး​ပေးနိုင်တော့ဘူးလို့ ​စိုက်​ပျိုး​ရေးဘဏ်​က သိရပါတယ်​။ ၂၀၁၈-၂၀၁၉ ခုနှစ်​တွေမှာ ​မောင်​​တောမြို့နယ်​ လယ်​ယာဖွံဖြိုး​ရေဘဏ်​က လယ်​သမားဦး​ရေ ၈၅၉ ဦးရဲ့ စိုက်​ဧကပေါင်း  ၂၇၀၀ ဧက​အတွက် ချေး​ငွေကျပ်​သိန်း​ပေါင်း ၄၀၅၀ သိန်းထုတ်ချေးပေးခဲ့ပြီး အတိုးနှုန်းက​တော တနှစ်​ကို ၈ ရာခိုင်​နှုန်းဖြစ်​ပါတယ်​။
2 years Ago

June 27, 2019

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လယ်သမားများတွေ့ဆုံပွဲ တိုက်ရိုက်ထုတ်လွှင့်မည်

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လယ်သမား ၂၀၀၀ လောက် ဇွန်လ ၂၈ ရက်မနက်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ တွေ့ဆုံပွဲကို ဓနုဖြူမြို့၊ လယ်ယာဝန်ဆောင်မှုစင်တာမှာ တွေ့ဆုံမှာဖြစ်ပြီး အခမ်းအနားကျင်းပပုံတွေကို ဇွန် ၂၈ ရက် မနက် ၉ နာရီ ၁၅ မိနစ်ကစတင်ပြီး မြန်မာ့ရုပ်မြင်သံကြား( MRTV )၊ MITV၊ မြန်မာ့အသံ ရေဒီယိုအစီအစဉ်နဲ့ Myanmar President Office Facebook Page၊ Myanmar State Counsellor Office Facebook Page၊ MOI Webportal Myanmar Facebook Page၊ MRTV Facebook Page၊ Myanmar Digital News Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့် ပေးသွားမယ်လို့ သိရပါတယ်။
2 years Ago

ဓနုဖြူမြို့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လယ်သမား ၂၀၀၀ တွေ့ဆုံမည်

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လယ်သမား ၂၀၀၀ လောက် ဇွန်လ ၂၈ ရက်မနက်မှာ တွေ့ ဆုံဖို့ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ကပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ လယ်သမား ၂၀၀၀ လောက်ကို ဖိတ်ထားပြီး အမေးအဖြေတွေလည်း လုပ်သွားဖ်ု့ရှိတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁ ရက်နေ့က မြောင်းမြတံတားသစ်ဖွင့်ပွဲပြီးတဲ့နောက် ဧရာဝတီတိုင်းအတွင်းက မြို့ ၆ မြို့မှာ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး လာမယ့်တွေ့ဆုံပွဲကတော့ တောင်သူလယ်သမားတွေနဲ့ သီးသန့်တွေ့ဆုံမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဓနုဖြူမှာ တည်ဆောက်ထားတဲ့ အစာအခြောက်ခံ စက်အကြီးစားကိုလည်းလေ့လာသွားဖို့ ရှိနေပါတယ်။
2 years Ago
More News
Up