လယ်လာနာ

A d v e r t i s e m e n t With Us

March 30, 2017

အင်္ဂလန်ကွင်းလယ်ကစားသမား လယ်လာနာ ဒဏ်ရာကြောင့် ၁ လခန့် နားရမည်

အင်္ဂလန် ကွင်းလယ်ကစားသမား လယ်လာနာဟာ ဒဏ်ရာကြောင့် ၁ လလောက် အနားယူရတော့မှာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူဟာ အင်္ဂလန်က လစ်သူယေးနီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ လယ်လာနာဟာ လီဗာပူးအသင်း ကွင်းလယ်မှာ အားထားရတဲ့ ကစားသမားဖြစ်ပြီး ဒီနှစ်ရာသီ ပရီးမီးယားလိဂ် ၂၉ ပွဲမှာ ၂၇ ပွဲ ကစားခွင့် ရထားပါတယ်။ ဒဏ်ရာကြောင့် လယ်လာနာဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲလောက်အထိ လွဲချော်နိုင်ဖွယ် ရှိနေပါတယ်။ လီဗာပူးအသင်းဟာ လာမယ့် ဧပြီ ၁ ရက်နေ့ကျရင် အဲဗာတန်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိင်ရမှာပါ။ လောလောဆယ် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လီဗာပူးက ၅၆ မှတ်နဲ့ အဆင့် ၄ နေရမှာ ရပ်တည်နေပါတယ်။
4 years Ago

October 3, 2016

လီဗာပူး ကွင်းလယ်လူ လယ်လာနာ ပေါင်ခြံဒဏ်ရာကြောင့် ၂ ပတ်ခန့် နားရမည်

လီဗာပူးကွင်းလယ်ကစားသမား လယ်လာနာဟာ ဆွမ်ဆီးအသင်းကို အနိုင်ရတဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာကြောင့် ၂ ပတ်ခန့် အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်လာနာအနေနဲ့ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေနဲ့ လွဲချော်တော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်း ယာယီနည်းပြ ဆောက်ဂိတ်အနေနဲ့ လယ်လာနာ ဒဏ်ရာရသွားတဲ့အတွက် သူ့ရဲ့နေရာမှာ အဲဗာတန်ကွင်းလယ်လူ ဘာကလေကို ပြန်ရွေးသွားဖို့ ရှိနေပါတယ်။ အသက် ၂၈ နှစ်ရှိ လယ်လာနာဟာ ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်းပြနေတဲ့ ကစာသမားဖြစ်ပြီး လီဗာပူးအသင်းအတွက် ၃ ဂိုး သွင်းယူထားသလို အင်္ဂလန်က ဆလိုဗက်ကီးယားကို အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲမှာလည်း ၁ လုံးတည်းသော အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။
4 years Ago
Up