လယ်ယာမြေပြရရေးနှင့်

April 26, 2017

လယ်ယာမြေပြရရေးနှင့် ဥပဒေမဲ့စက်ရုံများ ဖျက်သိမ်းပေးရန် ဆန္ဒပြ (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်မှာရှိတဲ့ တောင်သူအချို့က သိမ်းဆည်းခံ လယ်ယာမြေတွေကို ပြန်လည်ရရှိရေးနဲ့ ဥပဒေမဲ့ စက်ရုံတွေကို ဖျက်သိမ်းပေးဖို့ နေပြည်တော်မှာ ဒီနေ့ လာရောက်ဆန္ဒထုတ် ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်မှုကို နေပြည်တော် ဥတ္တရသီမြို့နယ်ထဲက ရွှေနံ့သာရပ်ကွက် အစကနေ ရပ်ကွက်ဘောလုံးကွင်းအထိ ၅ ဖာလုံ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ အဲဒီ ဆန္ဒထုတ်ဖော်မှုမှာ တောင်သူ ၁၄ ဦးက ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ ဥပဒေမဲ့ နီကယ်စက်ရုံ ဖျက်သိမ်းပေးရေး၊ ဥပဒေမဲ့ ဂရိတ်ဝေါစက်ရုံ ၆ ရုံ ဖျက်သိမ်းပေးရေး၊ တိုင်းရင်းသားနိုင်ငံသားတို့ရဲ့ ဘ၀လုံခြုံမှုရှိစေဖို့ တွေအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ အောင်ကိုကိုလတ် (နေပြည်တော်)
4 years Ago
Up